အသင်းရဲ့နိုင်ပွဲအတွက် လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ရဲ့ပြောစကား

Thet Htet Lin

လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်ဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ အန်ဖီးမှာ ဟက်ဒါဖီးလ်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိတဲ့ပွဲစဉ်အတွက် အသင်းရဲ့ခြေစွမ်းကို ချီးကျူးပြော ဆိုလိုက်ပါတယ်။ ပထမပိုင်းမှာ မိုဟာမက်ဆာလာ ပင်နယ်တီလွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းပြန် စပြီး(၅)မိနစ်အကြာမှာ စတာရစ်ခ်ျနဲ့ ပွဲကစားချိန်(၅၈)မိနစ်မှာ ဖာမီနိုတို့က အသီးသီးဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန်(၇၅)မိနစ်မှာတော့ ၀ီဂ်ျနယ်ဒမ်က လီဗာပူးလ်အသင်းအ တွက် တတိယဂိုးသွင်းယူပေးခဲ့ပြီး အနိုင်(၃)မှတ်ရယူခဲ့ပါတယ်။

ဂျာဂန်ကလော့ပ်က ပွဲအပြီးသတင်းထောက်များကိုပြောကြားခဲ့ရာမှာ – “ ဒုတိယပိုင်းမှာ အမှားတွေကို လွယ်လွယ်ကူကူနဲ့ပဲပြုပြင်နိုင်ခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ နေရာတွေလိုအပ်သလိုပြုပြင်ခဲ့လို့ အခွင့်ရေးတွေရတယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားထည့်ခဲ့တာကြောင့် ပထမဂိုးကကံကောင်းလို့ရတယ်လို့မထင်မိဘူး။ ကျွန်တော် တို့ နေရာမှန်မှန်နဲ့ ပေးပို့မှုတွေလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကလည်း အရမ်းသေသပ်တဲ့ဂိုးပါ။ တတိယဂိုးကတော့ ၀ီဂ်ျနယ်ဒမ်ရဲ့အရမ်းမိုက်တဲ့သွင်းဂိုးတစ်ဂိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ကောင်းမွန်တဲ့ခြေစွမ်းတွေနဲ့အတူ ဒုတိယပိုင်းမှာ အနိုင်ရလဒ်အတွက် သွင်းဂိုး တွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါမျိုးခြေစွမ်း ကျွန်တော်တို့လို်အပ်နေတယ် ။ ပိုင်လည်း ပိုင်ဆိုင်ထားတယ်။ ရလဒ်ကထိုက်တန်ပါတယ်။ ” လို့ ပြောကြား ခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့အဆိုပါနိုင်ပွဲဟာ စပါးစ်အသင်းကိုရှုံးနိမ့်ပြီးနောက် ဟက်ဒါဖီးလ် အသင်း ကို အချိန်ယူပြီးပြင်ဆင်ခဲ့မှုရဲ့ရလဒ်ဖြစ်ကြောင်းကိုလည်း ၀န်ခံပြောကြားခဲ့ပါတယ်။
ပထမပိုင်းကစားခဲ့တဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး – “ ပုံမှန်ခြေစွမ်းပြန်ရဖို့ ကျွန်တော်တို့ပထမပိုင်းကခြေစွမ်းကို ပြန်လည် ပြုပြင်ခဲ့ပါတယ်။ ပထမ ပိုင်းမှာ ပွဲကသိပ်စိတ်လှုပ်ရှားစရာမကောင်းဘူး။ သေချာတာကတော့ ကျွန်တော်တို့အတွက် ခက်ခဲခဲ့တယ်။ အလျင်မြန်ဆုံးဖြတ်ရမယ့်နေရာတွေမှာ နေရာယူမမှန်ခဲ့ဘူး။ ကစားသမားတွေ က ဘောလုံးနောက်ကျန်ခဲ့တယ်။ အရေးပါတဲ့ပွဲစဉ်မှာ နောက်တန်းအမှားမရှိအောင်လုပ်ရမှာ ဖြစ်ပေမယ့် ကစားသမားတွေ အသင့်ဖြစ်မနေခဲ့ဘူး” လို့ ဂျာဂန်ကလော့ပ်ကပြောကြားခဲ့ပါ တယ်။

မှတ်ချက်များ။