New Balance ကုမ္ပဏီကို တရားဆွဲဆိုခဲ့တဲ့ ဖယ်လိုင်နီ

Thet Htet Lin

မန်ယူအသင်းရဲ့ကစားသမား ဖယ်လိုင်နီဟာ အားကစားပစ္စည်းများထုတ်လုပ်ရောင်းချတဲ့ New Balance ကုမ္မဏီကို တရားစွဲဆိုလိုက်ကြောင်းကြေငြာခဲ့ပါတယ်။

တရားစွဲဆိုရတဲ့အကြောင်းရင်း ကတော့ အဆိုပါကုမ္မဏီမှထုတ်လုပ်တဲ့ ဘောကန်ဖိနပ်တွေဟာ သူ့ခြေထောက်ကို နာကျင်စေခဲ့ပြီး စွမ်းဆောင်ရည်နိမ့်ကျစေခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိချိန်မှာတော့ ဖယ်လိုင်နီဟာ New Balance ကုမ္မဏီထံမှာ လျော်ကြေးငွေ ပေါင် ၂.၁သန်းရလိုကြောင်း တောင်းဆိုထားပါတယ်။ ဖယ်လိုင်နီဟာ သူအဲဗာတန်အသင်းမှာရှိစဉ်ကတည်းက တစ်နှစ်လျှင် ပေါင်(၆)သိန်းနှင့် လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

New Balance ရဲ့ အဆိုအရတော့ ဖယ်လိုင်နီဘက် မှ ဖိနပ်အပါအ၀င် အပိုပစ္စည်းများကိုပင် စိတ်ကျေနပ်မှုရှိတယ်လို့ ပြောပြီးကြောင်း ဆိုပါတယ်။

“ ဖယ်လိုင်နီဘက်က ဒါကို ယုံကြည်ပြီးတော့ အဆင်ပြေလို့ လက်ခံပြီးပါပြီ ။ ကျွန်တော်တို့ဘက်က လည်းအကောင်းဆုံးဝန်ဆောင်မှုတွေကို သူ့ကို ပေးခဲ့ပြီးပါပြီ။  ” လို့ ကုမ္မဏီဘက်က ထုတ်ပြန်ချက် တွေမှာ ဖော်ပြထားပါတယ်။

ဖယ်လိုင်နီ တရားဆွဲဆိုမယ့်အကြောင်းကတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရယ်စရာတစ်ခုအနေနဲ့ ဖော်ပြနေကြပါတယ်။

 

မှတ်ချက်များ။