ဆွမ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်မှနုတ်ထွက်ပြီး KAS Eupen အသင်းရဲ့ နည်းပြအဖြစ် မက်ခီလီလီ ခန့်အပ်ခြင်းခံရ

Thet Htet Lin

ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းဖြစ်တဲ့ မက်ခီလီလီဟာ ဆွမ်ဆီးအသင်းရဲ့ လက်ထောက် နည်းပြအဖြစ် နုတ်ထွက်ခဲ့ပြီး ဘယ်ဂျီယံကလပ် KAS Eupen အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။

ဆွမ်ဆီးအသင်းရဲ့ နည်းပြ ပေါလ်ဆဲလ်မန့် ဟာ ပြီးခဲ့တဲ့ဇန်န၀ါရီလက  မက်ခီလီလီကို လက်ထောက်နည်းပြအဖြစ်ခေါ်ယူခဲ့ပြီး မက်ခီလီလီနဲ့ ပေါလ်ဆဲလ်မန့်ဟာ PSG အသင်းမှာ နည်းပြ အန်ဆယ်လော့တီလက်ထက်တုန်းက လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။ မက်ခီလီလီကိုင်တွယ်ရမယ့် KAS Eupen အသင်းဟာ လက်ရှိ ဘယ်ဂျီယံလိဂ်မှာ (၁၄)ပွဲကစားအပြီး (၂)ပွဲသာအနိုင်ရရှိကာ အမှတ်ပေးဇယားရဲ့ အောက်ပိုင်းကိုရောက်ရှိနေပါတယ်။

မက်ခီလီလီဟာ  ၂၀၁၄ ခုနှစ်က ပြင်သစ်ကလပ် ဘတ်စတီးယား အသင်းမှာ (၅)လခွဲကြာ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ဘူးပြီး ယခုတစ်ကြိမ်ဟာ  ဒုတိယအကြိမ်အဖြစ် နည်းပြဘ၀ကို ပြန်လည်ရောက်ရှိ ခဲ့တာလည်းဖြစ်ပါ တယ်။ ဆွမ်ဆီးအသင်းကတော့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်(၆)ပွဲမှာ (၅)ပွဲ ရှုံးနိမ့်ထားပြီး တန်းဆင်းဇုန်မှာကျရောက်နေပါတယ်။

“ ဆွမ်ဆီးအသင်းမှာ လက်တွဲခဲ့တဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ကိုယ်စီ အလုပ်မှာ အကောင်းဆုံးလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ် ” လို့ မက်ခီလီလီက အသင်းရဲ့ ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။