ဝက်စ်ဟမ်းအသင်းရဲ့နည်းပြအဖြစ်အသင့်တော်ဆုံးဖြစ်တဲ့ ဒေးဗစ်မိုယက်စ်

Thet Htet Lin

ဝက်စ်ဟမ်းအသင်းရဲ့နည်းပြ ဘီလစ် ထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာတော့ ဒေးဗစ်မိုယက်စ်ဟာ ၀က်စ်ဟမ်းအသင်းရဲ့နည်းပြဖြစ်လာဖို့ အနီးစပ်ဆုံးရေပန်းစားနေပါတယ်။

လေ့လာမှုပိုင်းဆိုင်ရာကျွမ်းကျင်သူတွေကတော့ မိုယက်စ်ဟာ ၀က်စ်ဟမ်းအသင်းအတွက် အသင့် တော်ဆုံးဖြစ်တယ်လို့ဆိုပေမယ့် ပရိသတ်တွေကတော့ ဒါကို ငြင်းဆန်ခဲ့ပါတယ်။

ဒါဆို ၀က်စ်ဟမ်းအသင်းနည်းပြနေရာအတွက် အသင့်တော်ဆုံးက ဘယ်သူများဖြစ်မလဲ?

အဲဗာတန်အသင်းမှာ (၁၁)နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့အတွင်း မိုယက်စ်ဟာ အသင်းအ တွက်များစွာစွမ်းဆောင်ပေးခဲ့ပါတယ်။ (၁၂)ရာသီတိတိ နည်းပြအဖြစ်ကိုင်တွယ်ခဲ့ရာမှာ ထိပ်ဆုံး (၁၀)သင်း စာရင်းမှာ (၁၀)ရာသီ ရပ်တည်နိုင်ခဲ့ပါတယ်။ မိုယက်စ်လက်ထက်မှာ အဲဗာတန်အသင်းဟာ ဆုဖလားရရှိခဲ့ခြင်းမရှိပေမယ့်လည်း ကန့်သတ်ထားတဲ့ ကစားသမားဝယ်ယူမှုဘတ်ဂျက်တစ်ခုမှာ အကောင်းဆုံးစီမံနိုင်ခဲ့ပြီး ချယ်ဆီးအသင်း ၊ မန်ယူအသင်း တို့ရဲ့နောက်ပရိသတ်အကြိုက်များတဲ့ အသင်းတစ်သင်းဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဂန္တ၀င်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာပြီးနောက် ပိုင်းမှာ မိုယက်စ်ကို မန်ယူအသင်းရဲ့နည်းပြအဖြစ် မျက်စိကျခဲ့ပြီး နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရလဒ်တွေကတော့ ထင်သလိုဖြစ်မလာခဲ့ဘဲ (၁၀)လအကြာ ကိုင်တွယ်ခဲ့အပြီး ရာသီကုန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာသာရပ်တည်နိုင်ခဲ့မှုနဲ့အတူ မိုယက်စ်ဟာလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒင်းနစ်စ်လော ၊ ဒေးဗစ်ဘက်ခမ်း အစရှိတဲ့ မန်ယူဂန္တ၀င်ကစား သမားဟောင်းများကတော့ မိုယက်စ်ကို ဒီထက်ပိုပြီး အချိန်ပေးစောင့်ကြည့်သင့် တယ်လို့ အဲဒီတုန်းက အကြံပြုခဲ့ ပါတယ်။ မှန်ပါတယ်။  ဆာအဲလက်စ်ဖာဂူဆန်လို နည်းပြမျိုးတောင် သူ့ရဲ့ ပထမဆုံး လိဂ်ဖလားကိုရရှိ ဖို့အတွက် မန်ယူအသင်းမှာ (၆)နှစ်ကြာ အချိန်ယူခဲ့ရတာကို ပြန်ပြီးစဉ်းစားသင့်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ မိုယက်စ်အတွက် အကြီးမားဆုံးအခက်အခဲဖြစ်ခဲ့တာကတော့ မန်ယူအတွက် အခမ်းနား ဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ဖာဂူဆန်ရဲ့နေရာကို ချက်ချင်းဝင်ရောက်တာဝန်ယူရခြင်းပါဘဲ။

 

မန်ယူအသင်းကထွက်ခွာအပြီး ရီးယဲလ်ဆိုစီဒက်ကိုပြောင်းရွှေ့ခဲ့တာဟာလည်း ဘာမှမထူးခြားဘဲ အောင်မြင်မှု မရခဲ့တာကြောင့် ပရိသတ်တွေအမြင်မှာတော့ သူဟာ အမြင်မကြည်စရာဖြစ် လာခဲ့ပါ တယ်။

အဲဒီနောက် ပြီးခဲ့တဲ့ရာသီမတိုင်ခင် မှာတော့ မိုယက်စ်ဟာဆန်းဒါးလန်းအသင်းရဲ့နည်းပြအဖြစ် သဘောတူညီမှု ရခဲ့ပါတယ်။ ရာသီအစမှာ (၂)ပွဲကစားအပြီး တန်းဆင်းဇုန်ထဲရုန်းနေရတဲ့ ဆန်းဒါးလန်းအသင်းကိုစတင်ကိုင်တွယ်စဉ်မှာပဲ ခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။

သူ့တွေးထင်ထားတဲ့အတိုင်းပဲ နောက်ဆုံးမှာတကယ်ဖြစ်လာခဲ့ပါတယ်။ ဆန်းဒါးလင်းအသင်းဟာ ရုန်းကန်ခဲ့ရပြီး ပရိသတ်တွေ မလိုလားဆုံးဖြစ်တဲ့ တန်းဆင်းရတဲ့အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းပရိသတ်တွေစိုးရိမ်နေတဲ့ထဲမှာ ဒီအချက်လဲပါပါတယ်။ တခြားအသင်းပရိသတ်တွေ လည်းဒီလိုပါပဲ။ ဒီလိုအခက်အခဲတွေရင်ဆိုင်နေရတဲ့အခြေအနေမှာ မိုယက်စ်ကို နည်းပြအဖြစ် မခန့် အပ်ချင်ကြပါဘူး။

နောက်တစ်ချက်ရှိတာကတော့ ၀က်စ်ဟမ်းအသင်းပရိသတ်တွေဟာ တော်ယုံတန်ယုံနဲ့ စိတ်ကျေနပ် မလွယ်ကြပါဘူး။ သူတို့ဟာ မှားယွင်းတဲ့ယုံကြည်ချက်တွေရှိနေကြပါတယ်။ အသင်းအနေနဲ့ ကလည်း သူတို့အိပ်မက်ထဲက ကစားပုံမျိုးကိုမြင်ချင်တာဖြစ်ပြီး ဒါမျိုးဟာ အသင်းငယ်အသင်းတစ်ခုအတွက် တော့ ချက်ချင်းမလွယ်ကူပါဘူး။ ဆမ်အလာဒွိုက်စ်လက်ထက်တုန်းကတော့ သူတို့အသင်းဟာ အမှတ်ပေး ဇယားရဲ့ အဆင့်(၁၀) ၊ (၁၁) ၊ (၁၂) မှာရပ်တည်နိုင်ခဲ့ပေမယ့်လည်း သူတို့လိုချင် တဲ့ပုံစံမျိုးတော့ မပြသနိုင်ခဲ့ပါဘူး။

ဒေးဗစ်မိုယက်စ်ရဲ့ အကောင်းဆုံးစီမံခန့်ခွဲနိုင်မှုကတော့ ၀က်စ်ဟမ်းအသင်းကလိုချင်နေတဲ့ ပုံစံ တစ်ခုနဲ့ တော်တော်လေးကို ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ဒါကြောင့် ၀က်စ်ဟမ်းအသင်းပရိသတ်တွေ အနေနဲ့ မိုရက်စ်ကို အနည်းဆုံး အခွင့်အရေးတစ်ခုတော့ပေးသင့်ပါတယ်။ အချိန်တစ်ခုပေးပြီး မိုယက်စ်အနေနဲ့ အဲဗာတန်မှာစွမ်းဆောင်ခဲ့သလို အောင်မြင်မှုတစ်ခုကို စွမ်းဆောင်နိုင်တဲ့ခဲ့ရင်တော့ သူတို့ ပျော်ရွှင်ရမှာ အသေအချာပါပဲ။

ဆန်းဒါးလန်းနဲ့ မတူတဲ့အချက်ကတော့ ၀က်စ်ဟမ်းအသင်းမှာ အရည်ချင်းရှိတဲ့ကစားသမားတွေ ရှိနေ ပြီးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ အတူ အချိန်ယူလိုက်မယ်ဆိုရင်တော့ မိုယက်စ်အနေနဲ့ တစ်ခုခု လုပ်ပြနိုင်ပါလိမ့်မယ်။ တကယ်တမ်းသာ ၀က်စ်ဟမ်းအသင်းရဲ့နည်းပြဖြစ်လာမယ်ဆိုရင်တော့ သူ့အနေနဲ့ တကယ့်ကို ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုကို တွေ့ကြုံရမှာလည်းဖြစ်ပါတယ်။ ပြီးတော့ မိုယက်စ်ဟာ တိကျတဲ့စည်းကမ်းချက်တွေကို ကစားသမားတွေခေါင်းထဲ ရိုက်ထည့်ပေးနိုင်ပါတယ်။ ဒါဟာ ဘီလစ်နဲ့ယှဉ်ရင် မိုယက်စ်အတွက် သိသိသာသာမြင်သာတဲ့ အားသာချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဘီလစ်လက်ထက်မှာ ကစားသမားတွေကို ကစားခွင့်ပေးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တာ ကြောင့် အပြောင်းအလဲတစ်ခုလုပ်ဖို့ အချိန်ရောက်လာတာကတော့ အသေအချာပါပဲ ။ ပရိသတ်တွေ အနေနဲ့ ဒါကို လက်ခံရပါမယ်။

ဝက်စ်ဟမ်းအသင်းအနေနဲ့ လက်ရှိလိုအပ်နေတာကတော့ တည်ငြိမ်စွာကစားရမယ့် ကစားဟန် ၊ ကြံ့ကြံ့ခံတိုက်ပွဲဝင်စိတ်ပဲဖြစ်ပါတယ်။ အဲဒီလို လိုအပ်နေတဲ့ နေရာအတွက် အားလုံးသောအရည် အချင်းတွေပြည့်စုံသူကတော့ မိုယက်စ်ပဲဖြစ်ပါတယ်။

မှတ်ချက်များ။