ကစားသမားဘ၀မှ အနားယူခဲ့တဲ့ ပါလို

Thet Htet Lin

နယူးယောက်စီးတီးအသင်းမှာ နောက်ဆုံးကစားခဲ့တဲ့ အီတလီလက်ရွေးစင်ကစားသမားဟောင်း အန်ဒရီယာပါလိုဟာ နှစ်(၂၀)ကြာ ဘောလုံးလောကမှာကျင်လည်ခဲ့အပြီး ကစားသမားဘ၀မှ အနား ယူပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

အီတီလီအသင်းနဲ့ ကမ္ဘာ့ဖလားတစ်ကြိမ် ၊ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအ၀င် အခြားသောလိဂ်တွေမှာလည်း ဆုဖလားတွေရယူပေးနိင်ခဲ့တဲ့ ပါလိုဟာ ၁၉၉၅ ခုနှစ်မှာ သူ့ရဲ့ဘောလုံးသမားဘ၀ကိုစတင်ခဲ့ပြီး ဘရက်စ်စီယာ အသင်းမှာ စတင် ကစားခဲ့ပါတယ်။

ပါလိုရဲ့ ပင်ကိုယ်ခြေစွမ်းခြေစဟာ ထိပ်တန်းအဆင့်မှာရှိနေတာကို မငြင်းနိုင်ဘဲ အေစီမီလန်အသင်းက (၁၀)နှစ် နှစ်ရှည်စာချုပ်နဲ့ခေါ်ယူစာချုပ်ချုပ်ခဲ့ပါတယ်။ အေစီမီလန်လို အသင်းကြီးက ဒီလိုလူငယ်ကစားသမားလေးကို နှစ်ရှည်ခေါ်ယူစာချုပ်ချုပ်ခဲ့တာဟာ အဲဒီတုန်းက တော့ ဘောလုံးလောကမှာ မယုံနိုင်စရာဖြစ်ခဲ့ရပါတယ်။

အေစီမီလန်အသင်းမှာ နှစ်ရှည်ကစားပြီးတဲ့ နောက်မှာတော့ ပါလိုဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး အောင်မြင်မှုအနေနဲ့ ဆုဖလား(၆)လုံး ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ကစားသမားဘ၀နောက်ဆုံးကလပ်အသင်းဖြစ်တဲ့ နယူးယောက်စီးတီးအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

နယူးယောက်စီးတီးအသင်းက ကိုလံဘတ်စ်ခရူ အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲအပြီးမှာတော့ ပါလိုဟာ ကစားသမားဘ၀မှအနားယူပြီဖြစ် ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပါလိုကပြောကြားရာမှာတော့ – “ ကျွန်တော်စကားနည်းနည်းပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ နယူးယောက်စီးတီးအသင်းကစားသမားဘ၀အဆုံးသတ်ပါပြီ။ အသင်းမှာကျွန်တော့်ကို အကောင်းဆုံး ကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အသင်းပရိသတ်တွေနဲ့ အတူ နည်းပြ အဖွဲ့တွေ ၊ ကစားဖော်တွေ ၊ ကစားကွင်းနောက်ကွယ်က ကူညီပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နယူးယောက်စီးတီးအသင်းကသာမဟုတ်ဘူး ကျွန်တော့်ရဲ့ ကစားသမားဘ၀ ခရီးစဉ်ကိုလည်း အဆုံးသတ်လိုက်ပါပြီ။ ဒါ့အပြင် ကျွန်တော့်ဘေးမှာ အကောင်းဆုံးရှိပေးခဲ့ကြတဲ့ ကျွန်တော့်မိသားစု ၊ ရင်သွေးတွေကိုကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျွန်တော်ယှဉ်ပြိုင်ကစားခဲ့ဘူး တဲ့ ပြိုင်ဘက်အသင်းတွေ ၊ ပြိုင်ဘက်ကစားသမားတွေ ပြီးတော့ ကျွန်တော့်ကစားသမားဝကို ဒီနေရာ ရောက်ရှိလာအောင်ဖန်တီးပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကမ္ဘာ တစ်ဝန်းလုံးက ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးက ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။