ပွဲကျပ်ကာလအတွင်း အဓိက ကစားသမားတွေပြန်ကစားနိုင်ဖို့ မော်ရင်ဟိုမျှော်လင့်

Thet Htet Lin

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပွဲကျပ်ကာလပွဲစဉ်တွေမှာ ဒဏ်ရာကြောင့်အနားယူနေရတဲ့ သူ့အသင်းရဲ့ အဓိက ကစားသမား(၄)ဦးပြန်လည်ပါဝင် လာဖို့ မျှော်လင့်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်စဉ်ဒီဇင်ဘာလမှာ ပွဲစဉ်(၉)ပွဲထိကစားရလေ့ရှိပြီး ပွဲကျပ်ကာလကိုရင်ဆိုင်ရပါတယ်။ လက်ရှိမော်ရင်ဟိုရဲ့ လူစာရင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ အီဗရာဟီမိုဗစ်နဲ့ ရိုဂျိုတို့ဟာ ရာသီအစ (၃)လ ထိမပါဝင်နိုင်သေးသလို ပေါ့ဘာနဲ့ ကားရစ်တို့ဟာလည်း စက်တင်ဘာလတည်းက အနားယူ နေခဲ့ရပါတယ်။
ဒါပေမယ့် အဆိုပါဒဏ်ရာရကစားသမား(၄)ဦးစလုံးအနေနဲ့ လက်ရှိချိန်မှာ တော့ သူတို့ရဲ့ ဒဏ်ရာအခြေအနေဟာတိုးတက်ကောင်းမွန်လျှက်ရှိပြီး မကြာခင်မှာပြန်လည် ပါဝင်နိုင်ဖို့ မော်ရင်ဟိုကမျှော်လင့်နေတာလဲဖြစ်ပါတယ်။

“ ဒီကစားသမား(၄)ဦးစလုံးကို အမြန်ဆုံးပြန်လည်သက်သာလာဖို့မျှော်လင့်ပါတယ် ” လို့ မော်ရင်ဟိုက အသင်းရဲ့ ၀က်ဘ်ဆိုဒ်ကနေပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မော်ရင်ဟိုကပြောကြားရာမှာတော့ – “ သူတို့ဟာလက်ရှိနေ့စဉ်ပုံမှန်လေ့ကျင့် ခန်းပြုလုပ်နေပြီး နည်းနည်းတော့ပြန်သက်သာလာပါပြီ။ ဒါကြောင့်လာမယ့်ဒီဇင်ဘာပွဲကျပ် ကာလအတွင်းမှာ ဒဏ်ရာကနေအပြီးသတ်သက်သာလာပြီး အသင်းနဲ့ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ မော်ရင်ဟိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။