ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်လွဲချော်ခဲ့ရတဲ့ အီတလီလက်ရွေးစင်အသင်း

Thet Htet Lin

အီတလီအသင်းဟာ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ဒုတိယအကျော့အဖြစ် ဆွီဒင် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဒုတိယအကျော့ဂိုးမရှိသရေရလဒ် ၊ နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၁၉ ၅၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို လွဲချော်ခဲ့ပါတယ်။
အီတလီ ၀ – ၀ ဆွီဒင် ( နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုး ဂိုးမရှိဖြင့် ဆွီဒင်အနိုင်ရ)
Match Summary
ပထမပိုင်းမှာ ပင်နယ်တီပြစ်ဒဏ်ဘောတောင်းဆိုမှုတွေရှိခဲ့ပြီး ဆွီဒင်အသင်းကတော့ ဒုတိယပိုင်းမှာ ခံစစ်ကစားပုံပိုမိုကောင်းမွန်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဆွီဒင်ဂိုးသမား ရော်ဘင်အော်လ်ဆင်အနေနဲ့ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး အပို်င်အခွင့်အရေး (၂)ကြိမ်ထိ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

Full Report
ဆွီဒင်အသင်းဟာ ပထမအကျော့က (၁)ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ရလဒ်ကို အခွင့်ကောင်း ယူ ပြီး အကောင်းဆုံးခံစစ်နဲ့ ပွဲထွက်ကစားခဲ့ပေမယ့်လည်း အီတလီအသင်းက အကောင်းဆုံး တိုက်စစ်မြှင့်ကစားခဲ့တာကြောင့် အခွင့်ရေးများစွာကို ခွင့်ပြုပေးခဲ့ရပါတယ်။
ပွဲအစမှာပဲ အီတလီအသင်း အခွင့်ရေးရရှိခဲ့ပါတယ်။ ပွဲကစားချိန်(၆)မိနစ်မှာ ကန်ဒရေဗာရဲ့ ဖြတ်တင်ပေးပို့မှုမှ ဒါမီယန် ဘောလုံးပြန်ချထားပေးမှုကို ဖလော်ရန်ဇီ ပင်နယ်တီစည်း ဘယ်ဘက်ထောင့်မှ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂိုးတော့မဖြစ်လာခဲ့ပါဘူး။
နောက်ထပ်(၂)မိနစ်အကြာမှာ မာကိုပါရာလို ဟာ ဆွီဒင်နောက်ခံလူ အောဂတ်စတင်ဆန်နဲ့ ဘောလုံးရင်ဆိုင်အလု ပင်နယ်တီစည်းအတွင်းမှာလဲကျခဲ့တာကြောင့် ပင်နယ်တီတောင်းခံခဲ့ ပေမယ့်လည်း ဒိုင်လူကြီးကတော့ ဆက်လက်ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။ ပွဲကစားချိန်(၁၃) မိနစ်မှာ ဒါမီယန် နောက်ထပ်ဖြစ်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီသတ်မှတ် ပေးခဲ့ခြင်းမရှိပါဘူး။

နောက်ထပ်(၃)မိနစ်အကြာမှာ အီတလီအသင်းမှ ဂျော်ဂင်ဟို ဂိုးပေါက်ညာဘက်ခြမ်းမှ ထောင့်ကျဉ်းကန်သွင်းခွင့်ရပေမယ့်လွဲချော်ခဲ့ပါတယ်။ ပထမပိုင်း တောက်လျှောက်မှာ အီတလီ ဂိုးသမား ဘူဖွန်အကောင်းဆုံးလက်စွမ်းပြခဲ့ပြီး ဗစ်တာကလေဆင်ရဲ့ အပိုင်ကန်သွင်းမှုတစ်ခု ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲကစားချိန်(၂၇)မိနစ်မှာ ဂျော်ဂင်ဟိုနဲ့ အင်မိုဘိုင် တို့တွဲလုံးမှတစ်ဆင့် အခွင့်ရေးတစ်ခု ရရှိခဲ့ရာမှာ ဘောလုံးထိန်းသိမ်းပုံမသေသပ်ခဲ့တာကြောင့် ဂိုးဘားပေါ်မှ ကျော် သွားခဲ့ရပါတယ်။
ပထမပိုင်းပြီးဖို့ (၅)မိနစ်အလိုမှာ ဂျော်ဂင်ဟိုရဲ့ပေးပို့မှုမှတစ်ဆင့် အင်မိုဘိုင်း ကန်သွင်းရာမှာ သူ့ရဲ့ကန်သွင်းမှုဟာ ဆွီဒင်ဂိုးသမား အောလ်ဆန် ဘေးမှ ဖြတ်ကျော်ပြီး ဂိုးရလုဖြစ်ခဲ့ပေမယ့် လည်း ဆွီဒင်နောက်ခံလူ အန်ဒရီယာဂရန်ဗစ်စ်က ဂိုးစည်းပေါ်မှ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် အီတလီအသင်း အခွင့်အရေးတွေရရှိခဲ့ပြီး ဖလော်ရန်ဇီ ဘယ်ဘက်ခြမ်းမှတိုက်စစ် ဆင်ပြီး ဂိုးရယူဖို့ကြိုးစားခဲ့သလို ပွဲကစား ချိန်(၄၄)မိနစ်မှာ ဂါဘီယဒီနီရဲ့ ဖရီးကစ်ကို ဘိုနူချီ အဆုံးသတ်ရာမှာ ဂိုးဘားပေါ်မှ ကျော်သွား ခဲ့ပြန်ပါတယ်။
ဒုတိယပိုင်းမှာလည်း အီတလီအသင်းဟာ အခွင့်အရေးတွေဆက်လက်ရရှိခဲ့ပါတယ်။ ပွဲကစား ချိန်(၅၄)မိနစ်မှာ ဒါမီယန်ရဲ့ အနိမ့်ဘောပေးပို့မှုကို ဖလော်ရန်ဇီ (၁၂)ကိုက်အကွာ ညာဘက်ခြမ်းမှ မြေမကျဘောကန်သွင်းခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ နောက်ထပ်(၃)မိနစ်အကြာ မှာ အင်မိုဘိုင်ရဲ့ ပေးပို့မှုမှတစ်ဆင့် ချီလီနီရဲ့ ကန်သွင်းမှုဟာလည်း လွဲချော်ခဲ့ပြန်ပါတယ်။
ပွဲကစားချိန်(၅၉ )မိနစ်မှာ အီတလီ နောက်ခံလူဘိုနူချီရဲ့ ပိတ်ဆို့ပုံ မသေသပ်မှုမှတစ်ဆင့် ဆွီဒင်လူစားဝင်ကစားသမား အီဆက်သီလင် ပင်နယ်တီစည်းအတွင်းမှ ကန်သွင်းခဲ့ပေမယ့် ဂိုးသမားဘူဖွန်ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။ အီတလီအသင်းမှ ကာဒရေဗာ အခွင့်အရေးတစ် ကြိမ်ရရှိခဲ့ပေမယ့်လည်း ဂိုးပေါက်နဲ့ အတော်လေးလွဲချော်ခဲ့ပါတယ်။

ပွဲကစားချိန်(၆၄)မိနစ်မှာ ကာဒရေဗာရဲ့ အနိမ့်ဘောပေးပို့မှုမှတစ်ဆင့် အင်မိုဘိုင် အဆုံးသတ် ရယူရာမှာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ အဲဒီနောက် ဆွီဒင်အသင်းနောက်ခံလူ မီခေလက်စတစ် ခေါင်းတိုက်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့် ဂိုးဘားပေါ်မှ ကျော်ခဲ့ပြန်ပါတယ်။
အဲဒီနောက်မှာတော့ ပင်နယ်တီတောင်းဆိုမှုတွေရှိခဲ့ပါတယ်။ ပွဲကစားချိန်(၇၉ )မိနစ်မှာ အီတလီကစားသမား ဘယ်လော့တီ ဟာ ပင်နယ်တီစည်းအတွင်း ဆွီဒင်နောက်ခံလူ ဂရန်ဗစ် နဲ့ ထိခိုက်လဲကျခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့ပါဘူး။
ဆွီဒင်အသင်းမှ မားကတ်စ်ဘာ့ဂ် အနေနဲ့ ဖော့စ်ဘတ်ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးက ဂိုးဘားပေါ်ကျော်ခဲ့ပါတယ်။
ပွဲပြီးခါနီးမှာတော့ ဆွီဒင်ဂိုးသမားအော်လ်ဆန်ဟာ အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့ ပါတယ်။ ပွဲကစားချိန်(၈၇)မိနစ်မှာ အီတလီအသင်းမှ အယ်ရှာရာဝီရဲ့ (၁၀)ကိုက်အကွာမှ မြေမကျ ကန်ချက်ကို အောလ်ဆန် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။
မိနစ်(၉၀)ပြည့်တဲ့အချိန်မှာတော့ ပွဲဟာ ဂိုးမရှိသရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

မှတ်ချက်များ။