နယူးကာဆယ်လ်ဟာလည်းအသင်းကြီးတစ်သင်းပါဘဲဟု မာတာဆို

မန်ယူကွင်းလယ်ကစားသမား မာတာဟာ မန်နေဂျာဟောင်း Benitez ရဲ့ နယူးကာဆယ်လ်အသင်းနဲ့ရင်ဆိုင်ရမည့်အကြောင်းကိုပြောကြားခဲ့ပါတယ်။

Benitez ဟာ နယူးကာဆယ်လ်အသင်းကို ၂၀၁၆-၂၀၁၇ တွင်ပရီးမီးရားလိဂ်ချန်ပီယံဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ အသင်းဟာလောလောလတ်လတ်မှအဆင့်တက်လာတယ်ဆိုပြီးလျော့တွက်လို့ တော့မရပါဘူး။
မာတာဟာချယ်လ်ဆီးအသင်းမှာရှိခဲ့စဉ် Benitez နည်းပြမှုအောက်မှာရှိခဲ့ပါတယ်။ ယခု Benitez ရဲ့ နယူးကာဆယ်လ်အသင်းကိုလည်း အသင်းကြီးတစ်သင်းအနေနဲ့စဉ်းစားပြီး လေးစားဖို့ လိုအပ်တယ်ဟုမာတာကယုံကြည်ပါတယ်။

Next up: Newcastle at Old Trafford next Saturday… #MUFC

A post shared by Manchester United (@manchesterunited) on Nov 12, 2017 at 1:55am PST

မာတာဟာ မန်ယူရဲ့ official website မှာယခုလိုရေးသားထားပါတယ် “ ဒီနေ့ ကျွန်တော်တို့ ဟာနယူးကာဆယ်လ်နှင့်ပွဲအတွက် လေ့ကျင့်မည်ဆိုသောအတွေးများနှင့်ရှေ့ လများတွင်ရှိသောပွဲများရဲ့ အရေးပါမှုတို့ ကိုသာအာရုံစိုက်နေကြပါတယ်။ အထူးသဖြင့်ခရစ်စ္စမတ်ကာလနားတွင်ကျင်းပမည့်ပွဲစဉ်များ များပြားလှပါတယ်။
“ ထိုအချိန်ဟာအသင်းရဲ့ ဒုတိယပိုင်းရာသီအခြေအနေကိုအဆုံးအဖြတ်ပေးမည့်ကာလလည်းဖြစ်ပါတယ်။”
“ ဒီစနေနေ့ တွင် နယူးကာဆယ်လ်အသင်းနှင့်ကန်မည့်ပွဲတွင် အားလုံးဟာ နယူးကာဆယ်လ်ကို လောလောလတ်လတ်အဆင့်တက်လာသူဟုသိထားကြပါတယ်။ သို့ သော်လည်းသူတို့ အသင်းမှာစပိန်အားကစားသမားများစွာရှိတဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့အပြင် ကျွန်တော်ကံကောင်းစွာဘဲတွဲလုပ်ခွင့်ရခဲ့သောနည်းပြ Benitez လည်းရှိနေပါတယ်။
“ သူနဲ့ ပြန်လည်တွေ့ ဆုံခွင့်ရမှာကိုဝမ်းသာပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပွဲဖြစ်အောင်ကစားသွားပြီး အမှတ်(၃)မှတ်ရရှိဖို့လည်းမျှော်လင့်ကာ မန်ယူရဲ့ စွမ်းပကားတွေကို Old Trafford မှာပြသသွားမှာပါ” ဟုဆိုပါတယ်။

မှတ်ချက်များ။