ရော်နယ်ဒိုရဲ့ သံယောဇဉ် အသစ်

ရီးရဲမက်ဒရစ် အကျော်အမော် ရော်နယ်ဒိုအတွက် အတူနေချစ်သူ ဂေါ်ဂျီနာ ရိုဒရီဂွတ် အနေနဲ့ သမီးမိန်းကလေးတစ်ဦး မွေးဖွားပေးခဲ့တာကြောင့် ကလေး ၄ ယောက်ဖခင် အဖြစ် သံယောဇဉ်ကြိုး တစ်ချောင်းထပ်တိုးခဲ့ပါပြီ။

ရိုဒရီဂွတ်နဲ့ ပထမဆုံး ရရှိခဲ့တဲ့ ရင်သွေးလေး အယ်လ်လာနာ မာတီနာ ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာရှိတဲ့ ကွီယွန် တက္ကသိုလ်ဆေးရုံမှာ ဖွားမြင်ခဲ့တဲ့ပုံရိပ်ကို ရိုနယ်ဒိုက သူ့ရဲ့ Instagram မှာ ဖော်ပြခဲ့ပါတယ်။

A Alana Martina acaba de nascer! Tanto a Geo como a Alana estão muito bem! Estamos todos muito felizes! ❤️

A post shared by Cristiano Ronaldo (@cristiano) on Nov 12, 2017 at 12:19pm PST

အဆိုပါဓါတ်ပုံမှာတော့ ရော်နယ်ဒို နဲ့ သားဖြစ်သူ ဂျူနီယာ ရော်နယ်ဒိုတို့ဟာ ရိုဒရီဂွတ် နဲ့အတူ ဆေးရုံမှာ ပျော်ရွှင်စွာရယ်မောနေတဲ့ ပုံကိုဖော်ပြခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုက “သမီးငယ်လေး အယ်လ်လာနာ မာတီနာကို မွေးဖွားခဲ့ပါပြီ။ ဂျိရို နဲ့ မာတီနာတို့ အကောင်းဆုံး နဲ့ ပျော်ရွှင်စရာ အကောင်းဆုံး လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာ” ဟု ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ဂျူလိုင်လကလည်း အီဗာ နဲ့ မာတီအို အမည်ရှိ အမွှာ ရင်သွေးနှစ်ဦးကို ထုတ်ဖော်ပြခဲ့ပြီး စပိန်ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အမွှာရင်သွေး ၂ ဦးရဲ့ မိခင်ဟာ အမေရိကန်နိုင်ငံက အငှားကိုယ်ဝန်ဆောင်သူ တစ်ဦးလို့ ဖော်ပြပါတယ်။
သားအကြီးဆုံးဖြစ်တဲ့ ခရစ္စတီယန်နင်ဟို ကိုတော့ ၂၀၁၀ ခုနှစ်မှာ ဖွားမြင်ခဲ့တာ ဖြစ်ပြီး ကလေးရဲ့ မိခင်ကို လက်ရှိအချိန်ထိ ဖော်ပြခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ရိုနယ်ဒိုက “ မိမိနောက်ထပ်ရင်သွေးတစ်ဦးရဲ့ ဖခင်ဖြစ်ဖို့ မစောင့်စား နိုင်တော့ပါဘူး။ သူတို့လေးတွေ ကြီးပြင်းလာတဲ့ မြင်ကွင်းကို အရမ်းမြင်ချင်နေပါပြီ။ သူတို့နဲ့အတူ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ဖြတ်သန်းသွား မှာပါ” လို့ထပ်မံ ပြောကြားခဲ့ပါတယ်။

Blessed

A post shared by Cristiano Ronaldo (@cristiano) on Jul 4, 2017 at 8:45am PDT

ပြီးခဲ့တဲ့ တစ်ပတ်မှာ ဖော်ပြခဲ့တဲ့ ရော်နယ်ဒိုရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ CR7 အမှတ်တံဆိပ် အ၀တ်အစားကြော်ငြာမှာလည်း သားဖြစ်သူနဲ့ အတူပျော်ရွှင်နေတဲ့ ပုံရိပ်တွေကိုလည်း မြင်တွေ့ခံစားနိုင် ပါတ

မှတ်ချက်များ။