ဗလင်စီယာအသင်းမှာ ဆက်ရှိနေလိုတဲ့ ပါရဲယား

မန်ယူအသင်းကနေ ဗလင်စီယာအသင်းကို အငှားချထားခဲ့တဲ့ ကွင်းလယ်ကစားသမား ပါရဲယားဟာ ဗလင်စီယာအသင်းမှာသာ ဆက်လက်ကစားလိုနေပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ပါရဲယားရဲ့ ခြေစွမ်းပိုင်းပိုမိုတိုးတက်စေဖို့ ပထမတစ်ကြိမ် ဂရန်နာဒါအသင်းထံ အငှားချထားခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ဗလင်စီယာအသင်းထံ အငှားချထားခြင်း ခံနေရတာ ဖြစ်ပါတယ်။

မန်ယူအသင်း အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေ မှာ အသင်းနဲ့ ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်လိုစိတ်ကင်းမဲ့တဲ့ ပါရဲယားရဲ့ အပြုအမူတွေကို နည်းပြ မော်ရင်ညိုစိတ်ပျက် သဘောမတွေ့ပဲ အခုလို အငှားချထားခဲ့တာ ဖြစ်ပါတယ်။

ဗလင်စီယာအသင်းမှာ အငှားသွားရောက်ကစားနေစဉ်အတွင်းမှာ အကောင်းဆုံး ပုံစံပြသနိုင်နေပြီး လက်ရှိအချိန်ထိ ကစားခဲ့တဲ့ ပွဲစဉ် ၉ ပွဲမှာ သွင်းဂိုး ၁ ဂိုးသွင်းယူပြီး ပံ့ပိုးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပါရဲယားကို လာမယ့် ဇန်န၀ါရီလမှာ အသင်းထံ ပြန်လည်ခေါ်ယူရန် မန်ယူအသင်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မိမိရဲ့ ကစားသမား ဘ၀နဲ့ ပတ်သက်ပြီး ပါရဲယားက “ ကျွန်တော် ဗလင်စီယာအသင်းမှာပဲ ရာသီကုန်ထိဆက်ရှိနေပြီး အသင်းရဲ့ အကောင်းဆုံး ကူညီပေးချင်ပါတယ် ၊ ခြေစွမ်းပိုင်း တိုးတက်ဖို့နဲ့ ဗလင်စီယာအသင်းကို ကူညီဖို့က ရာသီဝက် မန်ယူအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ထက် ပိုမိုအရေးကြီးပါတယ် ၊ မိမိ ဗလင်စီယာအသင်းမှာပဲ ပျော်ရွှင်နေပါတယ်” လို့ စူပါ ဒီပေါ့တက်စ် သတင်းစာ ကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။