မားကို့စ်ဆေးလ်ဗားကိုခေါ်ယူဖို့ အဲဗာတန်အသင်းရဲ့ကမ်းလှမ်းမှုကို ၀က်ဖို့ဒ်အသင်းပယ်ချ

Thet Htet Lin

ဝက်ဖို့ဒ်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြ မားကို့စ်ဆေးလ်ဗားကို အဲဗာတန်အသင်းမှ ခေါ်ယူဖို့ ချဉ်းကပ် လာမှုကို ပယ်ချခဲ့ပါတယ်။
ပေါ်တူဂီနိုင်ငံသား မားကို့စ်ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဟားလ်စီးတီးအသင်းကို ရာသီဝက် ကိုင်တွယ်ခဲ့ပေမယ့် ဟားလ်စီးတီးအသင်းဟာ တန်းဆင်းခဲ့ရပြီး ယခုရာသီအစမှာ ၀က်ဖို့ဒ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။
ဝက်ဖို့ဒ်အသင်းဟာ ယခုနှစ်ရာသီ မားကို့စ်ဆေးလ်ဗားရဲ့ ကိုင်တွယ်မှုအောက်မှာ နိုင်ပွဲ(၄)ရရှိထားပြီး ရမှတ်(၁၅)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာမှာရပ်တည်နေပါတယ်။
လက်ရှိ နည်းပြလက်မဲ့ဖြစ်နေတဲ့ အဲဗာတန်အသင်းဟာ တနင်္လာနေ့က မားကို့စ်ဆေးလ်ဗားကို သူတို့ အသင်းရဲ့ နည်းပြအဖြစ်ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် ၀က်ဖို့ဒ်အသင်းဘက်မှ ငြင်းဆိုထား တယ်လို့ သိရပါတယ်။
လက်ရှိ ၀က်ဖို့ဒ်အသင်းနဲ့ ဆေးလ်ဗားတို့ကြား ချုပ်ဆိုထားတဲ့စာချုပ်ဟာ(၂)နှစ်သက်တမ်းရှိပြီး ဒီသက်တမ်းအတွင်းမှာတော့ ၀က်ဖို့ဒ်အသင်းက သူ့ကို လက်လွှတ်လိမ့်မှာ မဟုတ်ဘူးလို့ သိရပါ တယ်။
ရော်နယ်ကိုးမန်းထုတ်ပယ်ခံရပြီးနောက်မှာ မားကို့စ်ဆေးဗားလ်ဟာ အဲဗာတန်အသင်းရဲ့ အဓိကပစ် မှတ်ဖြစ်လာခဲ့ပါတယ်။
လက်ရှိအဲဗာတန် ယူ-၂၃ အသင်းရဲ့နည်းပြ ဒေးဗစ်အန်စ်ဝေါ့တ် က အဲဗာတန်အသင်းကို နည်းပြ အဖြစ်တာဝန်ယူနေပြီး (၄)ပွဲကိုင်တွယ်ပြီးချိန်မှာ (၁)ပွဲသာအနိုင်ရရှိထားပါတယ်။
လက်ရှိ အဲဗာတန်အသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့အထဲမှာ ဘန်လေနည်းပြ ဆင်းန်ဒိုင်ချီနဲ့ အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒွိုက်စ် တို့လည်းပါဝင်နေပါတယ်။

မှတ်ချက်များ။