RB Leipzig အသင်းရဲ့ ဒဏ်ရာရကစားသမား(၄)ဦး ပြန်လည်သက်သာလာပြီဖြစ်

Thet Htet Lin

ဂျာမန်ကလပ် RB Leipzig အသင်းဟာ စနေနေ့မှာယှဉ်ပြိုင်ကစားမယ့် လေဗာကူဆင် အသင်း နဲ့ ပွဲစဉ်မတိုင်ခင် အသင်းရဲ့ ဒဏ်ရာရကစားသမား(၄)ဦးဖြစ်တဲ့ အော်ဂတ်စတင် ၊ အူပါမီနာကို ၊ အီဗရာဟီမာကွန်တေး နဲ့ ဒီယေဂိုဒမ်မီ တို့ အချိန်မီပြန်လည်သက်သာလာခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒဏ်ရာပြသနာတွေရင်ဆိုင်ခဲ့ရတဲ့ အဆိုပါကစားသမား (၄)ဦးစလုံးဟာ အင်္ဂါနေ့ကပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

အော်ဂတ်စတင်နဲ့ ပတ်သက်ပြီး နည်းပြကပြောကြားရာမှာ – “ အော်ဂတ်စတင်ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပါပြီ။ အပြီးသတ်ကြံ့ခိုင်မှုမရသေးပေမယ့် လည်း သက်သာလာအောင်လေ့ကျင့်ပေးပြီး ဒဏ်ရာအကင်းသေအောင် လုပ်ရပါမယ် ” လို့ ဆိုပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆွီဒင်အသင်းအတွက် ကစားပေးခဲ့တဲ့ တိုက်စစ်မှူး ဖော့စ်ဘတ် ကိုတော့ နည်းပြက အင်္ဂါနေ့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကနေ အနားပေးခဲ့ပါတယ်။
“ ဒီနေ့တော့ ဖော့စ်ဘတ်ကို အိမ်မှာပဲ အနားပေးခဲ့ပါတယ်။ သူအိပ်ရေး၀၀အိပ်ရမှာပါ။ သူ့ရဲ့ ဆွီဒင်အသင်းကတော့ တကယ့်ကို အောင်မြင်မှုတစ်ခုစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန် တော်တို့ တီဗီရှေ့မှာ တုန်လှုပ်ရလောက်အောင် သူ့ကို အားပေးခဲ့ကြပါတယ်။ ” လို့ နည်းပြ က ဆက်လက်ပြောကြားပါတယ်။
RB Leipzig အသင်းဟာ လာမယ့်တစ်ပတ်မှာ အဝေးကွင်းပွဲစဉ်အဖြစ်လေဗာကူဆင်အသင်း နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မှတ်ချက်များ။