ပိုချက်တီနိုက အသင်းကိုပြောင်းလဲစေခဲ့ကြောင်း အာရစ်ဆင်ပြောကြား

Thet Htet Lin

စပါးစ်အသင်းရဲ့ ကစားသမား ခရစ်စတီယန်အာရစ်ဆင်က နည်းပြ ပိုချက်တီနိုဟာ အသင်းကို အသေအချာပြောင်းလဲပေးခဲ့ပြီး ခြေစွမ်းကို တည်ငြိမ်အောင် မောင်းနှင်နိုင်ကြောင်းပြောကြား လိုက်ပါတယ်။
တစ်နှစ်ထက်တစ်နှစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုမှာ အဆင့်ရပ်တည်မှု ခိုင်မြဲ လာတဲ့ စပါးစ်အသင်းဟာ အတောင့်တင်းဆုံး အင်္ဂလိပ်ကလပ်အသင်းတွေထဲက တစ်သင်းဖြစ် လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တတိယနေရာမှာရပ်တည်နိုင်ခဲ့သလို ၂၀၁၇ ခုနှစ်မှာလည်း ဒုတိယ နေရာရပ်တည်နိုင်ခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာလည်း ခြေစွမ်းကောင်းများကိုပြသထား နိုင်ပြီး ချန်ပီယံဆုကိုဆွတ်ခူးနိုင်ဖို့လည်း အခွင့်ရေးတွေရှိနေပါတယ်။

"It's important we won to keep the momentum ahead of the internationals." – @chriseriksen8 #COYS ?

A post shared by Tottenham Hotspur (@spursofficial) on Nov 7, 2017 at 6:13am PST

အာရစ်ဆင်ကတော့ နှစ်အနည်းငယ်အတွင်း တစ်ဖြည်းဖြည်းတိုးတက်လာတဲ့ အသင်းရဲ့ပုံစံကို အားရကျေနပ်မှုရှိနေပြီး စတင်တာဝန်ယူကတည်းက အသင်းကို အကောင်းဆုံး ကိုင်တွယ်ပေး ခဲ့တဲ့ ပိုချက်တီနိုကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။
“ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အများကြီးပြောင်းလဲခဲ့ပါတယ်။ ကွင်းအတွင်းရော ကွင်း ပြင်ပမှာပါ တိုးတက်လာခဲ့ပြီး ကျွန်တော်တို့လိုချင်တဲ့ပုံစံတစ်ခုကို ရရှိခဲ့ပါတယ်။ လူတိုင်းက တော့ သူတို့ရဲ့ကြိုးစားမှုတွေကနေပြီး ထိပ်တန်းအသင်းအဖြစ်ရပ်တည်ချင်ကြတာပဲလေ။ ကျွန်တော်ကတော့ အရင်ကထက်ပိုကောင်းလာပြီး မျှော်လင့်ချက်တွေပိုရှိလာတယ် လို့ မြင်မိ ပါတယ်။ ”လို့ အာရစ်ဆင်ကပြောကြားခဲ့ပါတယ်။
အာရစ်ဆင်က ဆက်လက်ပြောကြားရာမှာ – “ ပိုချက်တီနိုဟာ ကျွန်တော့်အတွက်သာမကဘဲ အသင်းအတွက်ပါအကောင်းဆုံးလုပ်ပေးခဲ့တယ်။ ဒါဟာ ကစားသမားအတွက် အရေးကြီးတဲ့ အချက်ပါပဲ။ အကောင်းဆုံးကစားနိုင်တဲ့အချိန်မှာ တခြားဘာကိုမှတွေးစရာမလိုဘဲ အကောင်း ဆုံးကြိုးစားနိုင်ပါတယ်။ ပိုပြီးလည်း နေရထိုင်ရတာ ပျော်လာပါတယ်။ အသင်းက ကစားသမား တော်တော်များများဟာ နှစ်ရှည်ကစားကြတဲ့သူတွေချည်းပါပဲ။ ဒီမှာကစားရတာ သူတို့အတွက် လုံခြုံတယ်။ ဒါကြောင့် အနာဂတ်အတွက် ဒီလိုအသင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ”လို့ ဆိုပါ တယ်။

မှတ်ချက်များ။