နှစ်ကုန်ထိ အနားယူရတော့မယ့် အယ်လ်ဒါဝီလ်ရယ်

စပါးအသင်းနည်းပြ ပွန်ချက်တီနီက အသင်းနောက်ခံ ကစားသမား အယ်လ်ဒါဝီလ်ရယ် ဟာ တံကောက်ကြောဒဏ်ရာကြောင့် ယခုနှစ်ကုန်ထိ အနား ယူရတော့မှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်း လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ အယ်လ်ဒါဝီလ်ရယ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီး ယားလိဂ် ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်းက ရီးရဲလ်မက်ဒရစ် အသင်းကို (၃) ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲကစားချိန် (၂၄) မိနစ်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။

နည်းပြ ပွန်ချက်တီနိုအနေနဲ့ လာမယ့် ခရစ္စမတ်ကာလမှာ ပြန်လည် ပွဲထွက် ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ ထွက်ပေါ်ခဲ့တဲ့ ဆေးစစ်ချက်တွေအရတော့ အနည်းဆုံး အသင်းရဲ့ ပွဲစဉ် ၁၀ ပွဲကိုလွဲချော်တော့မှာ ဖြစ်ပါတယ်။

Toby Alderweireld

အဲလ်ဒါဝီလ်ရယ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး နည်းပြ ပွန်ချက်တီနိုက “သူ့ ဒဏ်ရာ အလျင်အမြန်ပျောက်ကင်းလာမယ့် ခရစ္စမတ်ကာလမှာ အသင်းနဲ့ ပြန်လည်ပွဲ ထွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ တံကောက်ကြော ဒဏ်ရာနဲ့ ပတ်သက်ပြီး သူစိတ်ပျက် အားငယ်နေတာ မရှိပေမယ့် အနည်းငယ်တော့ စိတ်မကောင်းဖြစ်နေပါတယ်။သူ့အတွက် ပုံမှတ်ပြန်ဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကိုလည်း မကြာခင်ပြုလုပ်ပေးတော့မှာပါ။ သူဟာ အလွန်ကြိုးစားတဲ့သူ တစ်ဦးဖြစ်ပြီး တံကောက်ကြော ဒဏ်ရာဟာ ကစားသမားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒဏ်ရာတစ်ခုပါ။ သူပြန်ပွဲထွက်နိုင်မယ့် အချိန်ကိုတော့ မိမိတို့ စောင့်ဆိုင်း ရတော့မှာ”ပါလို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။