ပီအက်စ်ဂျီအသင်း နဲ့ နေမာ ရဲ့ အနာဂါတ်

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာအသင်းကနေ ထွက်ခွာဖို့ အသင်းသစ် ရှာဖွေနေတာ နဲ့ ပတ်သက်ပြီးနည်းပြ အူနိုင်းအမ်မရီ အနေနဲ့ အသင်းမှာ ဆက်ရှိနေဖို့ ညှိနှိုင်းတဲ့ ကိစ္စအဆင်မပြေဖြစ်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ ပေါင်သန်း (၂၀၀) နဲ့ ပြောင်းရွှေ့ ခဲ့တဲ့နေမာဟာ အသင်းနဲ့ ရာသီသစ်မှာပဲ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းတွင် ပွဲထွက်ကစားထားခဲ့တဲ့ ပွဲစဉ် (၁၂) ပွဲမှာ သွင်းဂိုး (၁၁) ဂိုးထိရယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၇) ကြိမ်ထိ ရှိထားတဲ့ နေမာဟာ လက်ရှိ အချိန်မှာတော့ အသင်းမှာ မပျော်ရွှင်တော့တာ ဖြစ်ပါတယ်။

နေမာကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းခဲ့စဉ် က နေမာ ဘာစီလိုနာအသင်းမှာ သာ ရှိနေသေးတာဖြစ်ပြီး အသင်းဖော် ဆွာရက်ဇ် နဲ့ ပီကေးတို့ကို သူ့ရဲ့ အသင်းပြောင်းရွှေ့ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နောင်တရ နေတာတွေ ရှိတယ်လို့ ပြောကြားခဲ့ကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နည်းပြ အမ်မရီက “သူ့ကို ဘာစီလိုနာအသင်းက နေခေါ်ယူနိုင်ခဲ့တာဟာ မိမိတို့ရဲ့ အဓိက ပစ်မှတ်တစ်ခုကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာပါ။ အသင်း ဥက္ကဌက သူ့ကိုအသင်းမှာသာ ဆက်ရှိနေလိုတာပါ။”

“ မိမိတို့ တကယ်လိုအပ်တာ သူ့ရဲ့ကွင်းအတွင်း စွမ်းဆောင်ချက်တွေပါ။မိမိ နေမာ နဲ့ တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ် နေတဲ့ ကောလဟာလ တွေထက် အရေးကြီးတဲ့ အရာကဘာလည်း ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။ နာမည်ကျော် တစ်ယောက်မဖြစ်ခင်မှာတော့ လူတွေထဲက သာမန်လူတစ်ဦးပါပဲ။ တစ်ဦးနဲ့ တစ်ဦး လိုက်လျောညီထွေရှိတဲ့ ပုံစံကကွဲပြားခြားနား ပါတယ်။ သူ့ကို အသင်းနဲ့ အကောင်းဆုံး လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။