ကာဇိုလာဒဏ်ရာဟာ သူမြင်သမျှ အဆိုးဆုံးလို့ အာဆင်ဝင်းဂါးပြောကြား

မြန်မာချယ်ရီ

ဆန်တီ ကာဇိုလာရဲ့ ဖနောင့်ဒဏ်ရာဟာ သူတွေ့ခဲ့ဖူးတဲ့ ဒဏ်ရာတွေထဲမှာ အဆိုးဆုံးဖြစ်ပေမယ့် သူပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်လျက်ရှိတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်ဝင်းဂါးအနေနဲ့ ကာဇိုလာကို ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေရဲ့ အဓိက လူစာရင်းမှာ ချန်ထားခဲ့ပြီး သူရဲ့ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီး ကြံ့ခိုင်မှု ရှိခဲ့ပါက လာမယ့် ဇန်န၀ါရီလမှာ ပြန်လည်ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

စပိန်နိုင်ငံသား အလယ်တန်းကစားသမား ကာဇိုလာဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကတည်းက အရံခုံမှာ ထိုင်နေခဲ့ရပြီး တစ်နှစ်ထဲမှာ ခွဲစိတ်မှုပေါင်း (၈) ကြိမ်ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တွေ့ခဲ့ဖူးသမျှထဲမှာ အဆိုးဆုံးဒဏ်ရာပါ။ ဖနောင့်မှာ နာကျင်မှုခံစားရပြီး တဖြည်းဖြည်းနဲ့ ပိုပို ဆိုးရွားလာခဲ့တာပါ။

ကာဇိုလာဟာ ဘယ်လောက်အထိ ဘောလုံးကစားရတာကို နှစ်သက်လဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့အပြင် နေ့စဉ်ကစားချင်နေတဲ့ကစားသမားတစ်ဦးဖြစ်တဲ့အတွက် အခုလိုမျိုးဒဏ်ရာရတဲ့အပေါ် မယုံနိုင်သလို အရမ်းလည်း စိတ်မကောင်းဖြစ်ရပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သူ့ကို လေ့ကျင့်ကွင်းထဲ ပြန်ရောက်လာတာကို တွေ့ရပြီး ကျွန်တော့်အနေနဲ့ သူပြင်ဆင်နိုင်သလောက်ပြင်ဆင်ဖို့ ပြောခဲ့ပါတယ်။ ကာဇိုလာဟာ ဆေးအဖွဲ့နဲ့အတူ လေ့ကျင့်မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

ကာဇိုလာဟာ လာမယ့် ဇန်န၀ါရီလမှာ ပြန်လည်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ အာဆင်ဝင်းဂါးက Standard sport ကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။