အီတလီအသင်းနည်းပြအဖြစ်Ancelotti ခန့်အပ်ရန် Vialli ပြောကြား

မြန်မာချယ်ရီ

အီတလီကစားသမားဟောင်း တိုက်စစ်မှူး Gianluca Vialli ဟာ အီတလီလက်ရွေးစင်အသင်းနည်းပြ Ventura ရာထူုးမှ ထုတ်ပယ်ခံရပြီးနောက် အီတလီအသင်းရဲ့ နည်းပြရာထူးအတွက် Carlo Ancelotti ဟာ အသင့်တော်ဆုံးလို့ ယုံကြည်နေပါတယ်။

Ventura ဟာ အီတလီအသင်းအနေနဲ့ ဆွီဒင်အသင်းကို Playoffs ပွဲစဉ်မှာ နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Vialli ဟာ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း Ancelotti ကို အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် အသင့်တော်ဆုံးဖြစ်ကြောင်း ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

Vialli အနေနဲ့ “ Carlo Ancelottကို နည်းပြဖြစ်စေချင်ပါတယ်။ သူ့ကို လူတိုင်းက လေးစားကြပါတယ်။ သူ့မှာ နိုင်ငံတကာအတွေ့အကြုံရှိပြီး အောင်မြင်မှုတွေရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဘာသာစကားတွေကို လည်း ပြောတတ်သူတစ်ဦးပါ။ ကျွန်တော်သူ့ကို တောင်းဆိုချင်တာက ဒီနည်းပြအလုပ်ကို လက်ခံပါ အပြည့်အ၀ထောက်ပံ့မှုပေးပါ။ နောက်ပြီး Paolo Maldini ကိုလည်း ကလပ်အသင်းတစ်သင်းရဲ့ နည်းပြအဖြစ် မြင်ချင်မိပါတယ်။ ဂျာမနီဆိုရင်တော့ Bierhoff လိုမျိုးပေါ့။” လို့ Vialli က ပြောခဲ့ပါတယ်။

မှတ်ချက်များ။