လက်စတာစီးတီးအသင်းနှင့်ပွဲစဉ်တွင် အဂူရိုပြန်လည်ပါဝင်မည်

Thet Htet Lin

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂူရို ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယခုတစ်ပတ်မှာ လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာပြန်လည်ပါဝင်ကစားနိုင်မယ်လို့သိရပါတယ်။

အဂူရိုဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့  ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ ဆေးရုံကို ပို့ဆောင် ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

အဂူရိုဟာအင်္ဂါနေ့က ကစားခဲ့တဲ့ အာဂျင်တီးနား အသင်းနဲ့ နိုင်ဂျီးယားအသင်းတို့ရဲ့ပွဲစဉ်မှာပါဝင် ကစားပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ ဖျားနာမှုကြောင့် ဆေးရုံကိုပို့ဆောင်ပေးခဲ့ရပါတယ်။

ကနဦးက မန်ချက်စတာစီးတီးအသင်းက ဘာမှ ကြီးကြီးမားမားမဖြစ်ခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပေမယ့် လည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကတော့ အဂူရိုဟာ ခဏတာသတိမေ့မြောခဲ့ကြောငိး ပြော ကြားခဲ့ပါတယ်။

လက်ရှိချိန်မှာတော့ အဂူရိုဟာ မန်ချက်စတာစီးတီးဆေးအဖွဲ့ရဲ့ ကုသမှုအောက် မှာ အခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လက်စတာစီးတီးနဲ့ပွဲမှာ ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။
” ကျတော့်အတွက် ကုသမှုတွေ အားလုံး အဆင်ပြေပါပြီ။ စနေနေ့ လက်စတာနဲ့ပွဲအတွက် လည်း အဆင်သင့်ပါပဲ ” လို့ အဂူရိုက ပြောကြား ခဲ့ပါတယ်။

အဂူရိုဟာ ယခုနှစ်ဘောလုံးရာသီမှာ မန်ချက်စတာစီးတီးအသင်းအတွက်(၁၀)ဂိုး သွင်းယူပေးထားပါတယ်။

မှတ်ချက်များ။