ပွဲထွက်ခွင့်ဆုံးရှုံးရမယ့် အူဘာမီယန်း

ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာခဲ့ခြင်းမရှိတာကြောင့် စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အသင်းရဲ့ လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူး အူဘာမီယန်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ တွစ်တာအကောင့်မှာ မေးမြန်းမှုတွေကို ဒေါ့မွန်အသင်းက လာမယ့်ပွဲစဉ်မှာ အသင်းနဲ့ ပွဲထွက်ပါဝင်လာမှာ မဟုတ်ကြောင်း ပြန်လည် ရေးသားခဲ့ပါတယ်။ အူဘာမီယန်းကို အသင်းရဲ့ လူစာရင်းကနေချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဘာကြောင့်ဆိုတဲ့ အဖြေကို သိချင်နေပေမယ့် ဒေါ့မွန်အသင်းက သေချာတဲ့ အဖြေပေးခဲ့ခြင်း မရှိပါဘူး။
ဂျာမနီမှ လာတဲ့သတင်းတွေအရတော့ နိုင်ငံလက်ရွေ့းစင်ပွဲများ ပြီးဆုံးချိန်မှာ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ဒမ်ဘီလီနဲ့အတူ ဘာစီလိုနာမှာရှိတဲ့ ကလပ်တွေကို သွားရောက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

စတုဂတ်အသင်းနဲ့ ပွဲစဉ်အတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်းပုံရိပ်တွေကို ဒေါ့မွန်အသင်း တွစ်တာမှာ ဖော်ပြခဲ့ရာမှာတော့ အူဘာမီယန်းရဲ့ ပုံရိပ်တွေပျောက်ဆုံးခဲ့ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် (၄) ပွဲမှာ (၃) ပွဲထိရှုံးပွဲတွေ့ကြုံထားခဲ့တဲ့ ဒေါ့မွန်အသင်း ရလဒ်ပိုင်း ဆိုးရွားနေခဲ့သလို အသင်းနဲ့ ပထမဆုံးပွဲဦးထွက်ရာသီမှာ အသင်းတွက် ခြေစွမ်း ပြသခဲ့ပြီး ကစားခဲ့တဲ့ ပွဲစဉ် (၁၂) ပွဲမှာ (၁၅) ဂိုးထိသွင်းယူပြီး ဟတ်ထရစ် ၂ ကြိမ်ရယူနိုင်ခဲ့တဲ့ အူဘာမီယန်းလည်း ဂိုးပေါက်ပျောက်ဆုံးခဲ့တာ လက်ရှိအချိန်ဆို (၄၇၆) မိနစ်ရှိသွားခဲ့ပါပြီ။

ယခုအကြိမ်ဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ဒေါ့မွန်အသင်းမှာပြဿနာဖြစ်တိုင်း ချယ်လ်ဆီး၊မန်စီးတီး၊ရီးရယ်လ်မက်ဒရစ် နှင့် PSG ပြောင်းရွေ့ မှုသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီကလည်း အီတလီနိုင်ငံကို တရားမ၀င် ခရီးသွားရောက်ခဲ့တာကြောင့် အသင်းရဲ့ ပွဲပယ်ပြစ်ဒဏ်ကို အူဘာမီယန်း ခံခဲ့ရဖူးတာ ဖြစ်ပါတယ်။

မှတ်ချက်များ။