အဓိကကစားသမား အစုံအလင် ပြန်လည်မြင်တွေ့ရဖို့ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ အီဗရာဟီမိုဗစ် ၊ ပေါ့ဘာ နဲ့ ရိုဂျိုတို့ဟာ နယူးကာဆယ် အသင်းနဲ့ ကစားမယ့် မန်ယူအသင်း လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

အီဗရာဟီမိုဗစ်အနေနဲ့ ဧပြီလတွင်းကရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ယခုနှစ် ရာသီအသင်းရဲ့ ပွဲစဉ်အားလုံးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာကတော့ အကြောဒဏ်ရာကြောင့် စက်တင်ဘာလတည်းက အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ရိုဂျိုကလည်း တံကောက်ကြောဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို အသီးသီးလွဲချော်ခဲ့ကြတာ ဖြစ်ပါတယ်။မန်ယူ နည်းပြ မော်ရင်ဟိုကတော့ နယူးကာဆယ်အသင်းနဲ့ ပွဲမတိုင်ခင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ၃ ဦးလုံးအသင်းနဲ့ ပြန်လည်ပွဲထွက် ပါဝင်လာမှာလို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟို ဆက်လက်ပြောကြားခဲ့ရာမှာတော့ “ ပေါ့ဘာဒဏ်ရာ မရခင်က အသင်းရဲ့ ဒီရာသီရလဒ်နှင့် နောက်ပိုင်းအသင်းရဲ့ ရလဒ်တွေကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ သူဟာပွဲကို အကောင်းဆုံး စိုးမိုးကစားနိုင်သူပါ။

မိုဗစ်နဲ့လည်း ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးတွဲဖက် ကစားနိုင်ခဲ့ပါတယ်၊ မိုဗစ်မပါတဲ့ အသင်းရဲ့ တိုက်စစ်စကားပုံကို အချိန်ယူတည်ဆောက်ခဲ့ရပါတယ်။ သူပြန်လာတာကို တကယ်ကိုကြိုဆိုပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မိုဗစ်အသင်းအတွက်နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်ထိ အသင်းကို လူကာကူ မရောက် သေးတာကြောင့် မော်ရင်ဟို အနေနဲ့ကတော့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကစားသမား ၂ ဦးလုံးတွဲဖက်ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ “ကစားသမား ကောင်းတွေဟာ ဘယ်ကစားသမားနဲ့မဆို တွဲဖက်ကစား နိုင်ပါတယ် ၊ မိုဗစ်ကို ပွဲချိန်တွင်း ဘယ်လိုကစားရမယ်ဆိုတာကို မိမိတို့ သင်ပေး စရာမလိုပါဘူး။ ကြံ့ခိုင်မှုနှင့်ပါးနပ်မှုတွေကအဓိကပါ။ လက်ရှိသူ့အတွက်လိုနေတာ အချိန်အတိုင်းအတာ တစ်ခုပါ။”လို့ မော်ရင်ညိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။