နယ်သာလန်အသင်းနည်းပြ ရာထူးကို ဖရန့်ဒီဘိုးဝါးငြင်းပယ်

နည်းပြသစ်တစ်ဦးရှာဖွေနေတဲ့ နယ်သာလန်အသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖရန့်ဒီဘိုးဝါး ငြင်းပယ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းနည်းပြရာထူးကနေ ပူပူနွေးနွေး ထုတ်ပယ်ခြင်း ခံထားခဲ့ရတဲ့ ဒီဘိုးဝါး အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းထက် စပိန် ဒါမှမဟုတ် အီတလီကလပ်အသင်း တစ်သင်းကိုသာ နည်းပြလုပ်လိုတာ ဖြစ်ပါတယ်။

နယ်သာလန်အသင်း အနေနဲ့ လက်ရှိချိတ်ဆက်နေတဲ့ ဒစ်အတ်ဗိုကတ်နဲ့ အခြေအနေဟာ ဝေးကွာလာခဲ့တာကြောင့် ဒီလိုးဝါး ၊ ရိုနယ်ကိုးမန်း နဲ့ ဂူလစ်တို့ ၃ ဦးထဲကတစ်ဦးကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ လိုနေတာ ဖြစ်ပါတယ်။

စပိန်အားကစားသတင်းစာကို ဒီဘိုးဝါးပြောကြားခဲ့တာတွေကတော့ “ ကျွန်တော် က လေ့ကျင့်ပေးတဲ့သူတစ်ဦးပါ။ ၂လ ၃လမှ တစ်ပွဲကစားရတဲ့ နိုင်ငံအသင်းပုံစံက ကျွန်တော့် အစီအစဉ်တွေ ကစားကွက်တွေကို အံဝင်ဖို့မဖြစ်နိုင်ပါဘူး။ စပိန်လာလီဂါရဲ့ ကစားပုံတွေကို စိတ်ဝင်စားတာကြောင့် အဲ့ဒီပြိုင်ပွဲကို သွားရောက်ပြီး နည်းပြပြုလုပ်ချင်ပါတယ်။ ဘွန်ဒက်စ်လီဂါကလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါ”လို့ဖော်ပြခဲ့ပါတယ်။

၂၀၀၄ခုနှစ်ဟာ ဒီဘိုးဝါးဟာ စကော့တလန်ကလပ် ရိန်းဂျားအသင်းမှာလည်း ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ကစားသမား ဘ၀က ဘောလုံးလောကနဲ့ လက်ရှိဘောလုံးလောကဟာ အများကြီးကွာဟ သွားခဲ့ပါပြီ။ နည်းပြပြုလုပ်ဖို့ အသင်းတစ်သင်းရှာဖွေနေပေမယ့် လက်ရှိမိမိကို ချိတ်ဆက်တဲ့အသင်း မရှိသေးဘူးလို့ ဒီဘိုဝါးက ထပ်မံပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။