ပွဲပယ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး နားမလည်နိုင်ကြောင်း အူဘာမီယန်း ပြောကြား

ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ အသင်းရဲ့ စည်းကမ်းပိုင်း ဖောက်ဖျက်မှု ကြောင့် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နားမလည် နိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ စတုတ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာအသင်းတိုက်စစ်မှူး အူဘာမီယန်းကို ထည့်သွင်းအသုံးပြုသွားမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့မကြေငြာခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရာသီကလည်း အူဘာမီယန်အနေနဲ့ အခုလို ပြစ်ဒဏ်မျိုးချမှတ်ခံခဲ့ရဖူးတာ ဖြစ်ပြီး ပထမ တစ်ကြိမ်ကတော့ အသင်းကိုအသိမပေးပဲ မီလန်ကို ခရီးထွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ထိုဖြစ်ရပ်ကိုလည်း ဘာကြောင့်လဲဆိုတာကိုတော့ နားမလည်ကြောင်းပြောခဲ့ပါတယ်။

အသင်းမှ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး “အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ် ကိုလည်း ကျွန်တော်နောက်မကျခဲ့ပါဘူး။ ပထမတစ်ကြိမ်ပွဲပယ်ခံရတုံး က အသင်းကို အကြောင်းမကြားပဲ ခရီးသွားခဲ့တာကြောင့်ပါ။ ဒါကျွန်တော့်ဘက်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။ ဒီအတွက်ချမှတ်တဲ့ ပြစ်ဒဏ်ကို လက်ခံပါတယ်။ ဒီတစ်ကြိမ်အသင်းရဲ့ ဆုံးဖြတ်ချက်က ဘာကြောင့်ဆိုတာကို နားမလည်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းအနေနဲ့ ဒီရာသီအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို အနည်းငယ်သာ နောက်ကျခဲ့ပေမယ့် ဒါဟာ ပြစ်ဒဏ်ကျခံရလောက်တဲ့ထိ ဆိုးရွားတဲ့ ကိစ္စမဟုတ်ပဲ အသင်းဖော်ဟောင်း ဒမ်ဘီလီနဲ့ ဘာစီလိုနာမှာ ရှိတဲ့ကလပ်ကို သွားရောက်ခဲ့တဲ့ ပုံတွေကြောင့် အခုလိုအသင်းက လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့ ဂျာမန်သတင်းစာတွေက ဖော်ပြနေတာဖြစ်ပါတယ်။

မှတ်ချက်များ။