ဂါရက်ဘေးလ် ရီးယဲလ်မက်ဒရစ်မှာ ဆက်ရှိမည်ဖြစ်ကြောင်း အေးဂျင့်ဖြစ်သူပြောကြား

Thet Htet Lin

ဂါရက်ဘေးလ်အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာသာ သူ့ရဲ့ ကစားသမားဘ၀ကို ဆက်လက် ဖြတ် သန်းဖို့သာဆန္ဒရှိကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူက အပြောင်းအရွှေ့ကောလဟာလတွေဖန်တီးနေတဲ့ စပိန် မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

ဂါရက်ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၃)ကြိမ် ၊ လာလီဂါချန်ပီယံ တစ်ကြိမ်ရရှိထားပေမယ့်လည်း ရီးယဲလ်မက်ဒရစ်အသင်းမှာ သူ့ရဲ့ ကစားသမားဘ၀ဟာ ဘာဖြစ်လာ မယ်မသိသေးပါဘူး။

ဂါရက်ဘေးလ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ဒဏ်ရာနဲ့လုံးပန်းနေရပြီး မန်ချက်စတာယူနိုက်တက်အ သင်းကိုပြောင်းရွှေ့မယ်ဆိုတဲ့ ကောလဟာလတွေဟာလည်း တစ်ရှိန်ထိုးမြင့်တက်လျက်ရှိပါတယ်။

ဒါပေမယ့်လည်း ဂါရက်ဘေးရဲ့ အေးဂျင့်ဖြစ်သူ ဂျွန်နသန်ဘားနတ် ကတော့ ဘေးလ်အနေနဲ့ ရီးယဲလ် အသင်းမှထွက်ခွာဖို့ မစဉ်းစားကြောင်း စပိန်မီဒီယာတွေရဲ့ ရေးသားမှုကို ဝေဖန်ခဲ့ပါတယ်။

ဘားနတ်ကပြောကြားရာမှာ – “ ဘေးလ်ဟာ သူ့ရဲ့လက်ကျန်ကစားသမားဘ၀ကို ရီးယဲလ်မှာပဲ ကုန်ဆုံး ချင်နေပါတယ်။ ရီးယဲလ်မက်ဒရစ်မှာကစားနေရတဲ့ဘ၀ကို သူချစ်ပါတယ်။ ရီးယဲလ်ပရိသတ်တွေက သူ့ လောက်မကောင်းတဲ့ကစားသမားတွေကို ထောက်ခံပြီး သူ့အပေါ်အားပေးမှုနည်းနေတာဟာ ဘေးလ် အတွက် ခံရခက်စေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ စပိန်မှာပဲရှိပါတယ်။ ပရိသတ်တွေအနေနဲ့ သူဘယ် လောက်ကောင်းတယ်ဆိုတာကို နားလည်သင့်ပါတယ်။ ဘေးလ်ရဲ့အပြောင်းအရွှေ့ကို တွင်တွင်ကျယ် ကျယ်ရေးနေတဲ့သူတွေရှိပါတယ်။ သူတို့တွေဟာ စာသင်ခန်းဆီပြန်သွားပြီး ဂျာနယ်လစ်ဇင်ဆိုတာ ဘာ ဆိုတာကို ပြန်လေ့လာသင့်ပါတယ်။ လုပ်ကြံသတင်းတွေအတွက် ကျွန်တော်ထပ်ပြီး ဒေါသမထွက်ချင် တော့ပါဘူး။ စပိန်ဂျာနယ်လစ်တွေက အခြေအမြစ်မရှိတဲ့သတင်းတွေကိုရေးနေတာပါ။ သူတို့ရေးလိုက် တဲ့သတင်းအပေါ် ပြန်လည်သုံးသပ်ခြင်းလည်းမရှိပါဘူး။ ပရိသတ်တွေ သူတို့သတင်းတွေကို မယုံသင့် ပါဘူး။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။