အီတလီအသင်းအတွက် လိုအပ်ချိန်တိုင်းမှာ အသင့်ရှိနေမယ့် ဘူဖွန်

Thet Htet Lin

ဂျူဗင်တပ်စ်အသင်းရဲ့ အီတလီလက်ရွေးစင်ဂိုးသမားဟောင်း ဘူဖွန်ဟာ သူ့အနေနဲ့ လက်ရွေးစင် ကစားသမားဘ၀က အနားယူခဲ့ပြီဖြစ်ပေမယ့်လည်း တကယ်လို့ အီတလီအသင်းမှာ ပြန်လည်ကစား ခွင့်ရရှိမယ်ဆိုရင် ငြင်းပယ်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

အသက်(၃၉)နှစ်ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ play-off ပွဲစဉ်မှာ ဆွီဒင်အသင်းကို ကျဥ်းမြောင်းတဲ့ရလဒ် နဲ့ ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့လွဲချော်ခဲ့အပြီး နိုင်ငံ့လက်ရွေးစင်ကစား သမား ဘ၀မှ အနားယူခဲ့တာလည်း ဖြစ်ပါ တယ်။

ဘူဖွန်ဟာ အီတလီအသင်းအတွက် (၁၇၅)ပွဲပါဝင်ကစားထားပြီး လူငယ်မျိုးဆက်သစ်ကစားသမား တွေကိုနေရာပေးဖို့ ယခုလိုဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
“ ကျွန်တော် နိုင်ငံ့လက်ရွေးစင်အသင်းကနေအနားယူခဲ့ပေမယ့်လည်း နောင်တစ်ချိန်မှာ အသင်းအ တွက် လိုအပ်တယ်ဆိုလို့ရှိရင် ပြန်ကစားပေးမှာပါ။ ကျွန်တော့်အသက်အရွယ်က နားဖို့တော့ အချိန် ရောက်ပါပြီ။ ဒါပေမယ့်လည်း အသင်းက လိုအပ်လို့ပြန်ခေါ်မယ်ဆိုရင်တော့ အသက်(၆၀)ပြည့်နေ လည်း ကျွန်တော်ပြန်လာမှာပါ။ ” လို့ ဘူဖွန်ကပြောကြားခဲ့ပါတယ်။
ဘူဖွန်အနားယူချိန်မှာ သူ့ရဲ့နေရာကိုဆက်ခံဖို့ အေစီမီလန်လူငယ်ဂိုးသမား ဒိုနာရူမာ နဲ့ ဂျီနိုအာ ဂိုး သမား မတ်တီယာပါရင်တို့ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

မှတ်ချက်များ။