နည်းပြနဲ့ ပြသနာမတက်ခဲ့ကြောင်း ပြန်လည်ရှင်းပြခဲ့တဲ့ ဆာဒီယိုမာနီ

Thet Htet Lin

လီဗာပူးလ်တောင်ပံကစားသမား ဆာဒီယိုမာနီ က သူ့အနေနဲ့ ချယ်ဆီးအသင်းနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ နည်းပြဂျာဂန်ကလော့ပ်နဲ့  ပြသနာတက်ခဲ့ခြင်းမရှိ ကြောင်း ပြောကြားခဲ့ပါတယ်။

မာနီဟာ အဆိုပါပွဲစဉ်ရဲ့ ပွဲချိန်(၈၉)မိနစ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ နည်းပြဂျာဂန်ကလော့နဲ့ သဘောထားကွဲလွဲမှု ဖြစ်ပုံရတဲ့ မြင်ကွင်းတစ်ချို့ကို မြင်တွေ့ခဲ့ရတာ လည်းဖြစ်ပါတယ်။

ကစားသမားဘက်ကတော့ ဒါဟာအငြင်းအခုံ ပြသနာဖြစ်ခဲ့တာမဟုတ်ဘဲ နောက်ဆုံးမိနစ်မှာ နေရာယူကစားပုံနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ရုံသာဖြစ်ကြောင်းပြောပါတယ်။

” နည်းပြက ကျတော့်ကို ညာတောင်ပံမှာကစားဖို့ လူစားလဲခဲ့ပေမယ့် ကျတော်က ဆာလာရဲ့နေရာမှာကစားဖို့ တောင်းဆိုခဲ့တာပါ။ အဲဒီချိန်မှာ ဆာလာက ကျွန်တော့်နေရာ ရောက်နေခဲ့ပြီး နည်းပြက ကျွန်တော့်ကို ညာဘက်ခြမ်းမှာ ပြန်နေရာယူကစားဖို့ အော်ပြောခဲ့တာပါ။ နည်းပြနဲ့ သူနဲ့က ပိုနီးလို့ သူ့ကိုပြောင်းဖို့ပြောရင် ပိုအဆင်ပြေတယ်လို့ နည်းပြကို ပွဲအပြီး ပြန်ရှင်းပြခဲ့ပါတယ်။ ဒါဟာ ပုံမှန်အတိုင်း ပွင့်လင်းစွာပြောခဲ့တာပါ။ ဒါဟာပြသနာတက်တာမဟုတ်ပါဘူး။ အကျိုးသင့် အကြောင်းသင့်ကို ရှင်းပြယုံပါ။ ” လို့ ဆာဒီယိုမန်နီ က ဒါနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းပြောကြား ခဲ့ပါတယ်။

မှတ်ချက်များ။