လူငယ်ကစားသမားတွေ ထပ်မံရှာဖွေသွားမည့် ဒေါ့မွန်

ဒေါ့မွန်အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူ ဟန်ဂျိုချင်ဝက်ဇက်က အသင်းရဲ့ အကယ်ဒမီကနေ ဒမ်ဘီလီ နဲ့ ပူလီဆစ်တို့လို ကစားသမားတွေထပ်မံ ရှာဖွေပေးဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ၊ မန်စီးတီး ၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေဟာ ကမ္ဘာ့ အကောင်း ဆုံးကစားသမားတွေကို တောင့်တင်းတဲ့ ငွေကြေးအင်အား အသုံးပြု ပြီးခေါ်ယူလေ့ရှိတာကြောင့် ဒေါ့မွန် အမှုဆောင်ချုပ် ၀က်ဇ်က သူတို့ကို ယှဉ်ပြီး ကစားသမားခေါ်ယူဖို့ အဆင်မပြေတာကြောင့် လူငယ်ကစားသမားတွေကို မွေးထုတ်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာတော့ ၀က်ဇ် က “ဘာပေတို့ ဒမ်ဘီလီတို့လို ကစားသမားတွေ ကို ပီအက်စ်ဂျီတို့ ဘာစီလိုနာတို့ ခေါ်ယူသလို အသက် ၂၀ အ၇ွယ်မှာ ခေါ်ယူနိုင်ဖို့ မလွယ်ပါဘူး ၊ ဒါက ကျွန်တော်တို့ တစ်သင်း တည်းမဟုတ်ပဲ ဘိုင်ယန်အသင်းလည်း မဖြစ်နိုင်ပါဘူး၊ ဒါ့ကြောင့် အသင်းကနေ မွေးထုတ်ခဲ့တဲ့ ဒမ်ဘီလီနဲ့ ပူလီဆစ်တို့လို ကစားသမားတွေကို ထပ်မံမွေးထုတ်နိုင် ဖို့လိုပါတယ် ၊ ဒါကတော့တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပါ။”လို့ လူငယ် ကစားသမားတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ အသင်းရဲ့ ယာယီအဖြစ် ခန့်အပ်ထားတဲ့ နည်းပြလို့ ဆိုရမယ့် ပီတာ ဘို့စ် ကိုင်တွယ်ပြီး နောက်ပိုင်း ၁၀ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာ နဲ့ ပတ်သက်ပြီး အမှုဆောင်ချုပ် ၀က်ဇ် က “ လက်ရှိအသင်းရဲ့ ဖြစ်ပျက်နေတဲ့ ရလဒ်ပိုင်းတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်လိုချင်ပါတယ်။ ကျွန်တော်တို့ကို သေသေချာချာရှင်းပြပေးဖို့ နည်းပြ ဘို့စ်ကို ပြောချင်ပါတယ်။”

“အသင်းရဲ့ ပုံမှတ်အခြေအနေဆိ ပြန်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်အတွက်ပါ ပြန်လည်ပြင်ဆင်ရတော့မှာပါ” လို့ နည်ပြ ဘို့စ်ကိုပြောကြား ခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီတစ်ပတ်မှာတော့ လေဗာကူဆင်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘိုင်ယန်အသင်းနဲ့ တော့ ဒေါ့မွန်အသင်းရမှတ် ၈ မှတ်ထိ ကွာဟနေပြီး အမှတ် ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မှတ်ချက်များ။