ရွန်နီရဲ့ ဟတ်ထရစ် သွင်းဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းကိုယာယီကိုင်တွယ်နေတဲ့ နည်းပြဒေးဗစ်အန်စဝေါ့ရဲ့နောက်ဆုံး ပွဲစဉ်တစ်ပွဲဖြစ်ပြီး ဂိုးပြတ်အနိုင်နဲ့အတူ အသင်းကို နှုတ်ဆက်ခဲ့ရပါတယ်။

အဲဗာတန် ၄ – ၀ ၀က်စ်ဟမ်း

နည်းပြသစ် အလာဒွိုက်လာရောက် ကြည့်ရှုခဲ့တဲ့ ပွဲစဉ်မှာတော့ ရွန်နီခြေစွမ်း ပြသသွားခဲ့ပြီး ပထမပိုင်းမှာ သွင်းဂိုး ၂ ဂိုး ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းယူခဲ့ ပါတယ်။ ၀က်စ်ဟမ်း တိုက်စစ်မှူး လန်ဇီနီ ပင်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲရပြီး အဲဗာတန်အသင်းရဲ့ နောက်ဆုံးအနိုင်ဂိုးကိုတော့ နောက်ခံလူ ၀ီလ်လျံက သွင်းယူခဲ့ပါတယ်။

အိမ်ရှင် အဲဗာတန်အသင်း အနေနဲ့ပွဲကိုဖိအားပေးခဲ့ ပြီး တန်ပြန်တိုက်စစ်ကနေ လီဝင် ဂိုးဧရိယာထဲ ၀င်ရောက်ပြီး ဂိုးသွင်းယူဖို့ကြိုးစားခဲ့ရာမှာ ဂျိုးဟတ်ဟန့်တား မှုကနေ ပင်နယ်တီကန်ခွင့် အဲဗာတန်အသင်း ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ပင်နယ်တီ ကို ရွန်နီကန်သွင်းယူခဲ့ပြီး ဂျိုးဟတ်ကာကွယ်နိုင်ခဲ့ပေမယ့် ရွန်နီပဲ ထပ်မံပိတ်သွင်း ပြီး ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ပွဲကစားချိန် ၂၈ မိနစ်အရောက်မှတော့ အဲဗာတန် ကွင်းလယ်ကစားသမား ဒေးဗီးစ် ဂိုးဧရိယာထဲ ဖြတ်တင်ပေးပို့ခဲ့တဲ့ ဘောလုံးကို ရွန်နီဂိုးသမားနဲ့ အနီးကပ် ပိတ်သွင်းယူပြီး အသင်းတွက် ဒုတိယဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ပေးဂိုး ၂ ဂိုးခွင့်ပြုခဲ့ရတဲ့ ၀က်စ်ဟမ်းအသင်း တန်ပြန်တိုက်စစ်ကနေ လန်ဇီနီ အခွင့်အရေး တစ်ကြိမ်ရရှိခဲ့ပြီး အပြင်းကန်သွင်းခဲ့ရာမှာတော့ တိုင်ထိထွက်သွားခဲ့ရပါတယ်။

ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ၀က်စ်ဟမ်းတိုက်စစ်မှူး ဆာခိုကို ပင်နယ်တီ ဧရိယာ ထဲမှာ အဲဗာတန်အသင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး လန်ဇီနီကန်သွင်းခဲ့ရာမှာတော့ ပစ်ဖို့ ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၆၆ မိနစ်အရောက်မှာတော့ ဒီရာသီအတွက် အကောင်းဆုံး သွင်းဂိုးလို့ သတ်မှတ်ရမယ့် သွင်းဂိုးကို ရွန်နီသွင်းယူခဲ့ပါတယ်။ အဲဗာတန်တိုက်စစ်မှူး လီဝင်ကို ဂျိုးဟတ် တာဆီးရာမှ ပြန်ထွက်လာတဲ့ ဘောလုံး ကို ၀က်ဟမ်းကစားသမားတွေ ဖြစ်တဲ့ ၀င်စတန်ရိဒ်နဲ့ အော့ဘွန်နာတို့ကို ကျော်ဖြတ်ပြီး ရွန်နီ အဲဗာတန်အသင်းရဲ့ ကွင်းဘက်ခြမ်းကနေ သွင်းယူနိုင်ခဲ့ ပြီး ဒီနေ့ပွဲစဉ်ရဲ့ ဟတ်ထရစ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ပွဲစကစားချိန် ၇၈ မိနစ်မှာတော့ ဆီဂတ်ဆန်ရဲ့ ထောင့်ကန်ဘောပေးပို့မှုကနေ နောက်ခံလူ ၀ီလ်လျံ ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပြီး ပွဲအပြီးမှာတော့ အဲဗာတန် အသင်း ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မှတ်ချက်များ။