ကားမောင်းပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့တဲ့ ဘိုအာ့စ်

ရှန်ဟိုင်း SIPG နည်းပြ ဗီလာဘိုအာ့စ်အနေနဲ့ အသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပြီး ကားမောင်းပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်တော့မယ်လို့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အဲရစ်ဆင်ရဲ့ နည်းပြနေရာကို ဆက်ခံခဲ့တဲ့ ဘိုအာ့စ်ဟာ SIPG အသင်းကို ပြီးခဲ့တဲ့ရာသီက တရုတ်စူပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဘိုအာ့စ်ရဲ့ ဦးလေးဖြစ်သူက ၁၉၈၂ ခုနှစ် ဒါကာခရီးကြမ်း ကားမောင်းပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ဘိုအာ့စ်အနေနဲ့လည်း လာမယ့် ဇန်န၀ါရီလ ၆ ရက်နေ့ ပီရူးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲရဲ့ တိုယိုတာ ဟိုင်းလတ် အမျိုးအစား ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

အသင်းကနေထွက်ခွာပြီး ကားမောင်းပြိုင်ပွဲ ၀င်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဘိုအာ့စ်က “KTMအသင်းနည်းပြဖြစ်တဲ သူငယ်ချင်း အဲလက်ဒိုရင်ဂါနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားပြောဖြစ်တော့ သူက နောက်ထပ် တစ်နှစ်လောက် အချိန်ယူ စဉ်းစားပြင်ဆင်ပြီးမှ ကားမောင်းပြိုပွဲကို သွားရောက်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်”လို့ ကားမောင်းပြိုင်ပွဲ ၀င်ရောက်ဖို့ စိတ်အားထက်သန် နေတဲ့ အိုဘာ့စ်က ပြောကြားခဲ့ပါတယ်။

ဘိုအာ့စ်အနေနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲတွေကိုလည်း မကြာခဏ သွားရောက်ကြည့် ရှုလေ့ရှိပြီး ချဲလ်ဆီးအသင်းကို ကိုယ်တွယ်စဉ်ကလည်း စိတ်ဖိစီးမှုတွေကနေ ထွက်ပေါက်ရှာတဲ့အနေနဲ့ မော်တော်ဆိုင်ကယ်စီးနှင်းခဲ့ဖူးသူ တစ်ဦးဖြစ်ပါတယ်။

မှတ်ချက်များ။