အာဆီယံဒေသတွင်း နိုင်ငံတကာသွင်းဂိုး အများဆုံး ထိပ်တန်း ကစားသမား (၅) ဦး

အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ဂန္တ၀င်ကစားသမား တွေကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးမှုရှိအောင် မကြာခဏဖော်ပြနေကျပေမယ့် ဘယ်ကစား သမားတွေက နိုင်ငံအသင်းတွက် သွင်းဂိုးတွေ ဘယ်လောက်သွင်းယူထားခဲ့ပြီး ဘယ်သူတွေက အသင်းရဲ့ ထာဝရထိပ်တန်းဂိုးသွင်းရှင် ဖြစ်နေလည်းဆိုတာ ကိုတော့ ဖော်ပြခဲ့ဖူးခြင်းမရှိပါဘူး။

အာရှအဆင့် ပြိုင်ပွဲမှာ အမြဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိနေတဲ့ နိုင်ငံအသင်း ကိုယ်စားပြုကစားနေတဲ့ ကစားသမားတွေနဲ့ အာရှဆင့်ကို တက်လှမ်းဖို့ အားယူနေရတဲ့ နိုင်ငံအသင်း ကစားသမားတွေကြားမှာတော့ ပွဲအရေတွက်နဲ့ သွင်းဂိုးကွာဟချက်က ကြီးမားပါတယ်။

ဒါကြောင့် ဒီလိုအသင်းကြီးက အသင်းနဲ့ ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ကစားသမားတွေ ရဲ့ သွင်းဂိုးတွေက ထိပ်တန်းမှာ ရှိနေခဲ့ တာက သူတို့ပွဲထွက်ခဲ့တဲ့ ပွဲအရေအတွက်နဲ့ သွင်းဂိုး တိုက်ရိုက်အချိုးကျနေတာ ကြောင့်ထူးဆန်းတဲ့ ကိစ္စတစ်ရပ်တေ့ မဟုတ်ပါဘူး။

ဥပမာပေးရရင် အီရန်ကလက်ရွေးစင် တိုက်စစ်မှူးဟောင်း အလီဒါရီဟာ အသင်းတွက် ကစားခဲ့တဲ့ နိုင်ငံတကာပွဲပေါင်း (၁၄၉) ပွဲမှာ (၁၀၉) ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟန်ဂေရီရဲ့ နာမည်ကျော်ကစားသမား ပွတ်ရှ်ကတ်ထက် သွင်းဂိုး (၂၅) ဂိုးပိုမို သွင်းယူနိုင်ခဲ့ပါတယ်။

နိုင်ငံတကာသွင်းဂိုး အများဆုံးကစားသမား ကမ္ဘာ့ထိပ်တန်း (၁၀) ဦးစာရင်းမှာ အခြားအာရှရဲ့ ထိပ်တန်းကစားသမားတွေလည်း ပါဝင်နေဆဲဖြစ်ပါတယ်။ (၈၄) ပွဲ ကစားပြီး သွင်းဂိုး (၈၀) ရယူထားနိုင်တဲ့ ဂျပန်နိုင်ငံသား ကာမာမိုတို ၊ (၁၃၇) ပွဲမှာ (၇၈) ဂိုးသွင်းယူထားတဲ့ အီရန်နိုင်ငံသား ဟတ်ဆိန် ၊ (၁၁၆) ပွဲကစားပြီး (၇၁) ဂိုးသွင်းယူထားတဲ့ ဆော်ဒီအာရေးဗီးယား ကစားသမား မာဂျစ်အဒူလာတို့ လို့ အာရှကစားသမားတွေ ထိပ်ဆုံး (၁၀) ဦးစာရင်းမှာ ရှိနေပါတယ်။ တစ်ချို့ အသင်းရဲ့ ဒုတိယသွင်းဂိုးအများဆုံး ကစားသမားတွေကလည်း တခြား နိုင်ငံကထိပ်တန်း ဂိုးသွင်းရှင်တွေထက် သွင်းဂိုးတွေ ပိုမိုသွင်းယူထားနိုင်တာတွေလည်း ရှိပါတယ်။

ဒါဆိုအာဆီယံဒေသတွင်း အသင်းတွေထဲကကော ထိပ်တန်းဂိုးသွင်းရှင်တွေက ဘယ်အဆင့်မှာ ရပ်တည်နေလည်းဆိုတဲ့ မေးခွန်းကို Fox Sports Asia ကဖြေ ကြားပေး လိုက်ပါတယ်။

၅ – ဘန်ဘန်း ပါမြောင်ကတ်စ် ( အင်ဒိုနီးရှား ၈၆ ပွဲ ၃၈ ဂိုး )
ကမ္ဘာ့အဆင့် ၆၂ ၊ အာရှအဆင့် ၁၈

Even four defenders couldn’t stop Bambang back then

အင်ဒိုနီးရှားနိုင်ငံ အတွက် သွင်းဂိုး (၃၈) ဂိုးသွင်းယူပေးထားနိုင်တဲ့ တစ်ဦးတည်း သောကစားသမား ဖြစ်တာကြောင့် ဘန်ဘန်းရဲ့ နာမည်လည်း ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ အသက် (၃၇) နှစ်ရှိနေပြီဖြစ်ပြီး အသင်းတွက် နောက်ဆုံး ကစားခဲ့တဲ့ (၂၀၁၂) ခုနှစ်ထိ သွင်းဂိုးတွေနဲ့ အသင်းကို ထောက်ပံ့ပေးခဲ့သူပါ။

လူငယ်ကစားသမားဘ၀ကို နယ်သာလန် ကလပ်အသင်းတစ်ခုမှာ စတင်နိုင်ခဲ့ပြီး တဲ့နောက်မှာတော့ ပြည်တော်ပြန်ခဲ့ပြီး အင်ဒိုနီးရှားကလပ် ပါဆီဂျာ ဂျကာတာ နဲ့ ဆီလန်ဂေါ အသင်းတွေမှာ ကလပ်အသင်းကစားသမားကို ကုန်ဆုံးခဲ့သူပါ။

အသက်အရွယ်ပိုင်း အရ ကစားသမားတစ်ဦးရဲ့ အကောင်းဆုံး အချိန်တွေကို ကုန်ဆုံးခဲ့ပြီလို့ ဆိုရမှာဖြစ်ပေမယ့် လက်ရှိကစားနေတဲ့ ပါဆီဂျာ အသင်းတွက် ပြီးခဲ့တဲ့ ရာသီ အင်ဒိုနီးရှား လိဂ် ၁ ပြိုင်ပွဲမှာ သွင်းဂိုး (၅) ဂိုးသွင်းယူပေးခဲ့ ပါတယ်။

(၂၀၁၂) ခုနှစ်မှာ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူခဲ့တာကြောင့် သွင်းဂိုး (၃၈) ဂိုးမှာသာ ရပ်တန့်သွားခဲ့ရတဲ့ ဘန်ဘန်းရဲ့ သွင်းဂိုးတွေဟာ ရိုမေးရီးယား နိုင်ငံရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ဂျော့ခ်ျဟာဂျီ နဲ့ မူတူးတို့ထက် (၃) ဂိုးပိုမိုများပြားတဲ့ ပမာဏတစ်ရပ်ဖြစ်နေဆဲပါ။


၎ – ဖီးလ်ယန်းဟတ်စဘန့် ( ဖီလစ်ပိုင် ၉၂ ပွဲ ၄၇ ဂိုး)
ကမ္ဘာ့အဆင့် ၄၅ ၊ အာရှအဆင့် ၁၃

The younger Younghusband brother is now banging in the goals for Davao Aguilas

အခုဖော်ပြနေတဲ့ ထိပ်တန်း ဂိုးသွင်းရှင် (၅) ဦးစာရင်းမှာ လက်ရှိအချိန်ထိ နိုင်ငံအသင်းတွက် ကစားနေဆဲဖြစ်တဲ့ တစ်ဦးတည်းသော ကစားသမာပါ။ အသက် (၃၀) အရွယ်ရှိနေပြီဖြစ်ပြီး နိုင်ငံအသင်းတွက် သွင်းဂိုး (၄၇) ဂိုးသွင်းယူနိုင်ခဲ့ ပါတယ်။

A journey of a thousand miles begins with a single step @adidasph #NEMEZIZ #HereToCreate

A post shared by Phil Younghusband (@philyounghusband10) on Aug 17, 2017 at 1:46am PDT

ချဲလ်ဆီးအသင်းမှာလည်း ကစားခဲ့ဖူးပြီး အသင်းရဲ့ လူသိများတဲ့ ကစားသမားတစ်ဦး တော့အဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းမှာ ကစားခဲ့တဲ့ နာမည်ကျော် ကစားသမား ရှက်ချန်ကိုထက် သွင်းဂိုး (၁) ဂိုးသာလျော့နည်းပြီး နိုင်ငံတကာ ဂိုးသွင်းအများဆုံးစာရင်းမှာ အပေါ်အောက် ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း နိုင်ငံအသင်းနဲ့အတူ (၂၀၁၉) အာရှဖလား ခြေစစ်ပွဲဝင်ရောက် ကစားနေတာကြောင့် ယန်းဟတ်စဘန့် ရဲ့ သွင်းဂိုးတွေ ထပ်မံမြင်တွေ့ရဖို့ ရှိနေပြီး ရပ်တည်မှု ဇယားမှာလည်း နောက်တစ်ဆင့်ကို တက် ရောက်နိုင်ဖွယ် ရှိနေပါတယ်။

၃ – လီကောင်ဘင် (ဗီယက်နမ် ၈၃ ပွဲ ၅၁ဂိုး)
ကမ္ဘာ့အဆင့် ၃၄ ၊ အာရှအဆင့် ၁၁

Captaining his country against the mighty Japan

အားလုံးသော ပရိသတ်တွေ လီကောင်ဗင်က ကစားသမားကောင်းဆိုတာ သိကြပါတယ်။ ဒါပေမယ့် လီကောင်ဗင် က ဘယ်လောက်အသင်းတွက် ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ကစားသမားလည်း ဆိုတဲ့ မေးခွန်းအတွက် အဖြေလည်း ရှိနေပါတယ်။

Vỡ òa! #congvinh #congvinh9 #lecongvinh #congvinhthuytien #bongda

A post shared by Lê Công Vinh (@congvinhofficial) on Dec 16, 2015 at 6:27am PST

အသင်းတွက် သွင်းဂိုး (၅၁) ဂိုးသွင်းယူပေးထားနိုင်တဲ့ လီကောင်ရဲ့ စွမ်းဆောင်ရည်ဟာ ပြင်သစ် တိုက်စစ်မှူး အွန်နရီနဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူတူပဲဖြစ်ပါတယ်။

ဗီယက်နမ်အသင်းတွက် ပထမဆုံးနဲ့ တစ်လုံးတည်းသော အာဆီယံ ဆုဖလား ကိုသူ့ရဲ့ သွင်းဂိုးတွေနဲ့ ရယူပေးခဲ့သူပါ။ အသက် (၃၀) အရွယ်မှာ အနားယူခဲ့ပြီး ဖြစ်တဲ့ သူရဲ့ စံချိန်ကို ဘယ်ကစားသမားက ချိုးဖြတ်နိုင်မလည်း ကစိတ်ဝင်စားစရာပါ။


၂ – ဖန်ဒီအာမက် (စင်ကာပူ ၁၀၁ ပွဲ ၅၅ ဂိုး)
ကမ္ဘာ့အဆင့် – ၂၆ ၊ အာရှအဆင့် – ၉

Fandi getting recognised by the Asian Football Confederation in 2001

အာဆီယံဒေသတွင်း နိုင်ငံတွေမှာတော့ နာမည်ကျော်ကစားသမားတစ်ဦး ဖြစ်ပြီး အရှေ့တောင်အာရှရဲ့ အဆုံးသတ်အကောင်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။
ဟော်လန်ကလပ် အသင်းဖြစ်တဲ့ ဂရိုနီဂန်အသင်းမှာ သွားရောက်ကစားခဲ့ဖူးပြီး ယခင် UEFA Cup ယခု ယူရိုပါလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်အသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

#heretocreate #football #adidassg #fandiahmad

A post shared by Fandi Ahmad (@fandiahmadofficial) on Jul 24, 2017 at 4:04am PDT

ဖန်ဒီရဲ့ သွင်းဂိုး (၅၅) ဂိုးဟာ ကင်မရွန်းတိုက်စစ်မှူး အီတူးထက် တစ်ဂိုးသာ လျော့နည်းပြီး အင်္ဂလန်တိုက်စစ်မှူး ရွန်နီထက် (၃) ဂိုးပိုမိုများပြားတဲ့ ပမာဏဖြစ်ပါတယ်။ ဖန်ဒီမှာ သား (၄) ဦးရှိပြီး (၂) ဦးကတော့ စင်ကာပူအသင်းရဲ့ လက်ရွေးစင်ကစားသမားတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ သား (၂) ယောက်ထဲက ဘယ်သူကကော သူ့ရဲ့စံချိန်ကို ချိုးဖြတ်နိုင်မလည်း စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

၁ – ကိုင်တီဆတ် ဆီနာမြောင် (ထိုင်း ၁၃၄ ပွဲ ၇၁ ဂိုး)
ကမ္ဘာ့အဆင့် – ၉ ၊ အာရှအဆင့် – ၅

13 was certainly an unlucky number for Kiatisuk’s opponents

အာရှရဲ့ ထိပ်ဆုံး (၅) ဦးစာရင်းဝင်ဖြစ်ပြီး ကမ္ဘာ့ထိပ်ဆုံး (၁၀) ဦးစာရင်းမှာ ရပ်တည်နေတဲ့ ကစားသမားပါ။ အာရှရဲ့ ခံစစ်မှူးတွေကို ကျွမ်းကျင်တဲ့ အလိမ်အခေါက်တွေ တိကျတဲ့ အဆုံးသတ်မှုတွေနဲ့ ဒုက္ခပေးခဲ့တဲ့ တိုက်စစ်မှူးပါ။ မလေးရှား ၊ စင်ကာပူ ၊ ဗီယက်နမ် နိုင်ငံတွေမှာလည်း သွားရောက်ကစားခဲ့ဖူးပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာလည် အားပေးသူ ပရိသတ်တွေ ပိုင်ဆိုင်ထားနိုင်သူပါ။

ပွဲပေါင်း (၁၃၄) ပွဲမှာ သွင်းဂိုး (၇၁) ဂိုးရယူထားနိုင်ခဲ့တဲ့ သူရဲ့သွင်းဂိုးမှတ်တမ်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထာဝရ ဂိုးသွင်းရှင် ကလိုဆေးနဲ့ တူညီနေပြီး၊ မက်ဆီ ၊ အီဗရာဟီမိုဗစ် ၊ ဒေးဗစ်ဗီလာတို့ထက် အသင်းတွက် သွင်းဂိုးပိုမိုသွင်းယူထားနိုင် သူပါ။ ကစားသမားဘ၀မှာတင် နိုင်ငံအသင်းအတွက် ပေးဆပ်ခဲ့သူတစ်ဦး မဟုတ်ပဲ ထိုင်းလက်ရွှေးစင်အသင်းနည်းပြ အဖြစ်လည်း လက်ရှိအချိန်မှာ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ထိပ်ဆုံး (၅) ဦးစာရင်းအပြီးမှာတော့ အာဆီယံဒေသတွင်းမှာ အမှတ်ရစရာ ကစားသမား (၂) ဦးကျန်ရှိနေပါသေးတယ်။ သူတို့နှစ်ဦးကကော အသင်းတွက် ဘယ်လိုတွေ စွမ်းဆောင်ပေးခဲ့လည်း ဖော်ပြချင်ပါတယ်။

မော့ထာဒါဟရီ(မလေးရှား)

မလေးရှားပရိသတ်တွေ စူပါမော့လို့ တင်စားခေါ်ဝေါ်တဲ့ ဒါဟရီဟာ မလေးရှား နိုင်ငံအတွက်တော့ အကောင်းဆုံးကစားသမားတစ်ဦးပါ။ (၇၀) ပြည့်နှစ် ကာလတွေနဲ့ (၈၀) ပြည့်နှစ်ကာလတွေမှာ မလေးရှားအသင်းတွက် ကစားပေးခဲ့ပြီး အသင်းတွက် သွင်းဂိုးတွေများစွာသွင်းယူပေးနိုင်ခဲ့ပေမယ့် မလေးရှားနိုင်ငံ တရားဝင်ထုတ်ပြန်ကြေငြာထားခြင်း မရှိတာကြောင့် အခုလိုစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

နိုင်ငံအသင်းတွက် ပြိုင်ပွဲကြီးတွေအပါအ၀င် အခြားခြေစမ်းပွဲစုစုပေါင်း (၁၂၅) ပွဲကစားခဲ့ပြီး (၉၆) ဂိုးထိသွင်းယူခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါဟရီဟာ (၁၉၉၁) ခုနှစ် က ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပေမယ့် သူဟာ မလေးရှားနိုင်ငံရဲ့ ဂန္တ၀င်ကစားသမား တစ်ဦးအဖြစ် လက်ရှိအချိန်ထိ ရှင်သန်နေဆဲ ကစားသမားတစ်ဦးပါ။

ဟော့ဆိုချက်ထရာ (ကမ္ဘောဒီးယား)

မော့ဒါဟရီလိုပဲ အသင်းတွက်ခြေစွမ်းပြကစားခဲ့ပြီး ဂိုးတွေသွင်းယူခဲ့ပေမယ့် တရားဝင်ဂိုးအရေအတွက် ရေတွက်ဖော်ပြခြင်း မခံခဲ့ရတဲ့ နောက်ထပ် ကစားသမားတစ်ဦးပါ။ အနီးစပ်ဆုံးသူရဲ့ သွင်းဂိုးတွေစာရင်းကောက်ရာမှာတော့ (၄၂) ဂိုးထိ နိုင်ငံတကာ သွင်းဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဆန်းချက် (၃၉ဂိုး) ၊ လူကာကူ(၃၁ဂိုး) တို့ထက်များပြားတဲ့ ပမာဏ တစ်ရပ်ပါ။

(၁၉၉၀) ပြည့်နှစ်တွေမှာ အာဆီယံဒေသတွင်း ပြိုင်ပွဲတွေရဲ့ ပွဲစဉ်တိုင်းမှ ခြေစွမ်းပြသ နိုင်ခဲ့ပြီး ကိုင်တီဆက် ၊ ဟွန်ဒက်ခ်ျတို့နဲ့ အပြိင်တောက်ပခဲ့တဲ့ ကစားသမားဖြစ်ပြီး (၁၉၉၇) ခုနှစ်ရဲ့ အရှေ့တောင်အာရှ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။

လက်ရှိအသင်းရဲ့ လူစာရင်းမှာ ချန်ဗာသာနက်ကာ ၊ ပတ်မိုနီအူဒွန် ၊ ကိုစွတ်ဖန်း တို့လို ကစားသမားတွေ ရှိနေပေမယ့် ဆယ်ဆုနှစ်တစ်ခုကြာပြီးချိန်ထိ ကမ္ဘောဒီးယား နိုင်ငံအတွက် ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာတော့ ဟော့ဆိုချက်ထရာ ရပ်တည်နိုင်နေဆဲပါ။

မှတ်ချက်များ။