အိမ်ကွင်းဂိုးပြတ်နိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အိုဇေးလ်ကို အာဆင်ဝင်းဂါးချီးကျူးပြောကြား

Thet Htet Lin

အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဟက်ဒါစ်ဖီး အသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အိုဇေးလ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးပြောကြားလိုက်ပါတယ်။

ဂျာမနီသားအိုဇေးဟာ အဆိုပါပွဲစဉ်မှာ ဂျီရော့ ၊ ဆန်းချက်ဇ်တို့သွင်းယူခဲ့တဲ့ သွင်းဂိုးတွေ ကို ဖန်တီးပေးခဲ့သလို သူကိုယ်တိုင်လည်း သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

နည်းပြကြီးအာဆင်ဝင်းဂါးကတော့ အိုဇေးလ်ရဲ့ စွမ်းဆောင်မှုအပေါ် ကျေနပ်ခဲ့ပြီး သူ့ရဲ့ တစ်ဘက် အသင်းကို ဂိုးရရှိဖို့ တွန်းတွန်းတိုက်တိုက် ကစားတဲ့ ပုံစံကို ချီးကျူးပြောဆို ခဲ့ပါတယ်။

အာဆင်ဝင်းဂါးကပြောကြားရာမှာ – “ အိုဇေးလ်က တကယ့်ကို ခြေစွမ်းခြေစရှိတဲ့ ကစားသ မားတစ်ဦးပါ။ ဒီပွဲမှာ သူဘယ်လောက်ထိလုပ်နိုင်တယ်ဆိုတာကို ပြခဲ့ပါတယ်။ ပွဲအစမှာ ကျွန်တော်တို့ တိုက်စစ်ဖွင့်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်အလယ်မှာ ကျွန်တော်တို့ အာရုံစူးစိုက်မှု လျော့ကျခဲ့ပြီး အခွင့်အရေးတစ်ချို့ ပေးခဲ့ရတယ်။ ဒုတိယဂိုးရပြီးတဲ့အချိန်ကျမှ ကစားသမား အားလုံး ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့သလို ပိုပြီးလည်း ပုံစံဝင်ခဲ့ပါတယ်။ အလုံးစုံ ကျေနပ်လားဆိုတော့ မကျေနပ်ပါဘူး။ တိုက်စစ်ဖွင့်နိုင်ခဲ့ပြီးမှာ အခွင့်အရေးတစ်ချို့ ပြန်လည် ခွင့်ပြုခဲ့ရလို့ပါ။ အပိုင် အခွင့်အရေးနှစ်ကြိမ်လောက်ထိပေးခဲ့ရတယ်။ ဒုတိယဂိုးရပြီးမှပဲ အားလုံး ပုံမှန်ကစားကွက်ကို ပြန်ပြီး ပုံဖော်နိုင်ခဲ့တယ်။ ” လို့ဆိုပါတယ်။

မှတ်ချက်များ။