ဒေါ့မွန်အသင်းနဲ့ပွဲစဉ်က ခြေစွမ်းနဲ့စိတ်ဓာတ်ဟာ နောက်ပွဲအတွက် အထောက်အပံ့ ဖြစ်စေကြောင်း သီလိုခါရာပြောကြား

Thet Htet Lin

ရှော်ကေးအသင်းရဲ့ နောက်တန်းကစားသမား သီလိုခါရာက ဒေါ့မွန်အသင်းနဲ့ တစ်ဖက်(၄)ဂိုး စီသရေကျခဲ့တဲ့ပွဲစဉ်မှာ ကစားခဲ့တဲ့ သူတို့အသင်းရဲ့ စိတ်ဓာတ်ဟာ လာမယ့် ကိုလုံးအသင်းနဲ့ ပွဲစဉ်အတွက် အားအင်အထောက်အပံ့ဖြစ်စေတယ်လို့ဆိုပါတယ်။

အဆိုပါပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်(၂၅)မိနစ်အတွင်းမှာပဲ ဒေါ့မွန်အသင်းက (၄)ဂိုး ဂိုးမရှိ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှော်ကေးအသင်းကတော့ ဇွဲမလျှော့ခဲ့ပါဘူး။

ပထမပိုင်းမှာ (၄)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းကြိုးစားကစားခဲ့ ပြီး ပွဲချိန်(၇၅)မိနစ်မတိုင်ခင်မှာ ချေပဂိုး(၂)ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲသိမ်းခရာမမှုတ်မီ နောက်ထပ် ချေပဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက်(၄)ဂိုးစီသရေရလဒ်နဲ့ အိမ်ရှင် ဒေါ့မွန်အသင်းထံမှ အမှတ်ခွဲယူခဲ့ပါတယ်။

ခါရာကတော့ သူတို့အသင်းရဲ့ ဒီလိုခြေစွမ်းဟာ နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ကိုလုံးအသင်းနဲ့ပွဲမှာ အထောက်အပံ့ဖြစ်စေတယ်လို့ဆိုပါတယ်။

“ ဒုတိယပိုင်းမှာ မယုံနိုင်လောက်စရာခြေစွမ်းတွေနဲ့ ချေပဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ ကလည်းပြောပါတယ်။ ဒီလိုဂိုးတွေပြန်သွင်းဖို့ဆိုတာ မယုံနိုင်စရာဖြစ်ပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်တတ်တာပဲလေ။ ဒါကြောင့် ကျွန်တော်တို့ကိုယ့်ကို်ယ်ကို ယုံကြည်မှုအပြည့်အ၀ရှိ ဖို့လိုပါတယ်။ သူတို့ဂိုးသွင်းရင် ပြန်သွင်းနိုင်ရပါမယ်။ ပရိသတ်တွေအတွက်လည်း အပျော်တွေ ပေးနို်င်ခဲ့ပြီး ကျွန်တော်တို့ကိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ လာမယ့် ကိုလုံး အသင်းနဲ့ပွဲမှာတော့ အနိုင်(၃)မှတ်အပြည့်ရယူသွားမှာပါ။ ”လို့ သီလိုခါရာက အသင်းရဲ့ ၀က်ဘ်ဆိုဒ်မှပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။