အာဆင်ဝင်းဂါးခေါ်ယူဖို့ နီးစပ်ခဲ့တဲ့ အကောင်းဆုံး ၁၁ ဦး

အာဆယ်နယ်နည်းပြ အာဆင်ဝင်းဂါး အနေနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တဲ့ အခြေအနေ တွေကို ပိုင်ဆိုင်ခဲ့တဲ့ အသင်းတစ်သင်းစာ ကစားသမားတွေကို ဖော်ပြခဲ့ပါတယ်။

အာဆင်ဝင်းဂါးဖော်ပြခဲ့တဲ့ ကစားသမားစာရင်းဟာ လက်ရှိအသင်းရဲ့ လူစာရင်းနဲ့ အလွန်ကွာခြားနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၃ ၊ ၂၀၀၄ ခုနှစ်တည်းက အသင်းနဲ့ အံ့အားသင့်ဖွယ် ဆုဖလားရယူနိုင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တဲ့ အာဆင်ဝင်းဂါးရဲ့ အိမ်မက်အသင်းလို့ ဆိုရမယ့် ဒီအသင်းရဲ့ လူစာရင်းကတော့ လက်ရှိအကောင်းဆုံး အနေအထားတွေနဲ့ ဘောလုံးလောက ကို ဖြတ်သန်းနေတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါးခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ကစားသမားစာရင်းကတော့ အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ အံ့အားသင့်စေမယ့် လူစာရင်းတစ်ခုဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ သက်တမ်းအရှည်ဆုံး နည်းပြတစ်ဦး ဖြစ်ပြီး ပြိုင်ဘက်အသင်းတွေ ငွေကြေးများစွာသုံးပြီး ခေါ်ခဲ့တဲ့ ကစားသမား တွေကို ယခင်ကခေါ်ယူဖို့ နီးစပ်ခဲ့ကြောင်းဖော်ပြခဲ့ပြီး လက်ရှိ စပါးအသင်းမှာ ခြေစွမ်းပြသနေတဲ့ အလီကိုလည်း စပါးအသင်းကို မရောက် ခင်တည်းက အာဆင်ဝင်းဂါးရဲ့ ကင်းထောက်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်ကစားသမားတွေက အာဆင်ဝင်းဂါးရဲ့ ၁၁ ဦးစာရင်းမှာ ပါနေမလည်း ကြည့်လိုက်ကြရအောင်။

ဂိုးသမား – ဘတ်ဖွန်

အီတလီအသင်းရဲ့ နာမည်ကျော်ဂိုးသမား ဘတ်ဖွန်ကတော့ စီးရီးအေထိပ်သီး ကလပ် ဂျူဗင်တပ်အသင်းကို မပြောင်းရွှေ့ခင်မှာ အာဆင်နယ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းက ဘတ်ဖွန်ကိုခေါ်ယူဖို့အတွက် ငွေကြေးသုံးစွဲမှုပိုင်းမှ အာဆင်နယ်အသင်းထက် သာလွန်ခဲ့တာကြောင့် အာဆင်နယ် အသင်း အယ်လ်မူနီယာကိုသာ ခေါ်ယူခဲ့ရပါတယ်။

နောက်တန်း
ပီကေး

မန်ချက်စတာ ယူနိုက်တက်အသင်း ကို ဖာဂူဆန်ကိုင်တွယ်စဉ်က အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပီကေးကို အာဆင်ဝင်းဂါး ဘယ်အချိန်တုံးက ခေါ်ယူဖို့နီးစပ်ခဲ့လည်းဆိုတဲ့ မေးခွန်းကို မေးကြမှာပါ။

အာဆင်ဝင်းဂါးအနေနဲ့ ပီကေးကိုခေါ်ယူဖို့ လှည့်ကွက်တွေအသုံးပြုခဲ့ပြီး အသင်းရဲ့ နောက်တန်း ဗဟိုခံစစ်မှူး နေရာမှာ ဆန်ဒရို့စ်ကိုအသုံးပြုခဲ့ပါတယ်။

ကွန်ပနီ

မန်စီးတီးအသင်းခေါင်းတောင် ကွန်ပနီအနေနဲ့ မန်စီးတီးအသင်းကို မပြောင်း ရွှေ့ခင်မှာ အန်ဒါလက်ခ်ျအသင်းကနေ ပေါင် ၅ သန်းနဲ့ခေါ်ယူဖို့ အာဆင်ဝင်းဂါး နီးစပ်ခဲ့ပေမယ့် အသင်းရဲ့အဓိကနောက်ခံကစားသမား ဆိုးလ်ကမ်းဘဲနေရာမှာ ဂျရူးကို အစားထိုးခဲ့ပါတယ်။


ရောဘတ်တိုကားလို့စ်

ရီးရဲလ်မက်ဒရစ်နဲ့ ကားလို့စ်တို့ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးဖို့ နီးကပ်ချိန်မှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်ခဲ့ဖူးပါတယ်။ အပြောင်းအရွှေ့မှာ အမြဲတမ်းလက်နှေးလေ့ရှိတဲ့ အာဆင်ဝင်းဂါးရဲ့ ထုံးစံအတိုင်း ဖီနာဘာချီအသင်းရဲ့ ကြားဖြတ်ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ အာဆင်ဝင်းဂါး အန်ဒရေဆန်းတို့စ်ကို ခေါ်ယူခဲ့ပြီး ကားလို့စ်လက်သစ်လို့ ဆိုခဲ့ပါတယ်။

ကွင်းလယ်
ခရစ္စတီယာနိုရိုနယ်ဒို

ယူနိုက်တက်နည်းပြ ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါးတို့ရဲ့ ကာလရှည် အငြင်းပွားခဲ့တဲ့ ကိစ္စကတော့ ရိုနယ်ဒိုကို ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်တဲ့ ကိစ္စပါပဲ။ ရိုနယ်ဒိုကို ခေါ်ယူဖို့လွဲချော်ခဲ့တာနဲ့ ပတ်သက်ပြီး “ရိုနယ်ဒိုနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့ထိ နီးစပ်ခဲ့ပြီး ယူနိုက်တက်အသင်းက ကြားဖြတ်ခေါ်ယူခဲ့တာကြောင့် သူ့ကို ခေါ်ယူခွင့် ဆုံးရူံးခဲ့ပါတယ်။
ဒီအတွက် ဒီနေ့ထိ နာကျင်နေရဆဲပါလို့ ၀င်းဂါးကပြောကြားခဲ့ ပါတယ်။ ၀င်းဂါးအနေနဲ့ ရိုနယ်ဒိုကို စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၄ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲအပြီးမှာ မန်ယူအသင်းက ကြားဖြတ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာ

ပေါ့ဘာကိုခေါ်ယူဖို့ကိုလည်း ၀င်းဂါးကြိုးစားခဲ့ဖူးပြီး ယူနိုက်တက်အသင်းက ပေါ့ဘာကို ၂၀၁၂ မှာရောင်းချစဉ်က ခေါ်ယူဖို့ ပြင်ဆင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းကပဲ ၀င်းဂါးထက်လက်ဦးမှုရယူပြီး ပေါ့ဘာကိုခေါ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ၀င်းဂါးအနေနဲ့ ကာဇိုလာကို အသင်းထံခေါ်ယူခဲ့ပြီး ကွင်းလယ်ကို တည်ဆောက်ခဲ့ပေမယ့် ဒဏ်ရာနဲ့သာ ကာဇိုလာ ရုန်းကန်နေရပါတယ်။


ဇာဘီအလွန်ဆို

အလွန်ဆို လီဗာပူးလ်အသင်းက ထွက်ခွာဖို့နီးစပ်ခဲ့ချိန်မှာ အာဆင်နယ်အသင်းက ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ အသင်းကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပြီး မှ အာတီတာကိုလည်း ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာကြောင့် အလွန်ဆို ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး လာလီဂါဆုဖလား နဲ့ ချန်ပီယံလိဂ် ဆုဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီ

စပိန်သတင်းမီဒီယာတွေနဲ့ အားကစားကျွမ်းကျင်သူတွေကတော့ အာဆင်ဝင်းဂါး အနေနဲ့ မက်ဆီ အသက် ၁၅ နှစ်အရွယ်တုံးက မက်ဆီအပါအ၀င် ဖာဘရီဂတ်စ် နဲ့ ပီကေးတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ဝင်းဂါးကလည်း သူတို့ ၃ ဦးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး “ဖာဘရီဂတ်စ်ကို ခေါ်ယူခဲ့စဉ်က မက်ဆီနဲ့ ပီကေးကိုပါ တစ်ခါတည်း ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ဖာဘရီဂတ်စ် တစ်ဦးတည်းကိုသာ ခေါ်ယူနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။


ဂါရတ်ဘေးလ်

ဆောက်သမ်တန်အသင်းကနေ ၀ဲကော့ကို ခေါ်ယူခဲ့စဉ်က ဘေးကိုပါတစ်ခါတည်း ခေါ်ယူဖို့ ၀င်းဂါးစီစဉ်ခဲ့ဖူးပါတယ်။ အသင်းမှာ နောက်ခံကစားသမား တစ်ဦးရှိနေခဲ့ ပြီးဖြစ်တာကြောင့် အာဆင်နယ်အသင်း ဘေးကိုခေါ်ယူဖို့ လက်လွှတ်ခဲ့ပါတယ်။
ဝင်းဂါးက “ အသင်းမှာ အက်ရှလေကိုးလ်နဲ့ ကလစ်ချီတို့ ရှိနေတာကြောင့် သူ့ကို မခေါ်ယူခဲ့ပါဘူး၊ သူဟာကွင်းလယ်မှာလည်း ကစားနိုင်သူဆိုတာကို မေ့နေခဲ့တာပါ စပါးအသင်းကို စရောက်တုံးက ရုန်းကန်ခဲ့ရပေမယ့် ကွင်းလယ်ကို ပြောင်းလဲ ကစားခိုင်းခဲ့တဲ့ အချိန်မှာတော့ ခြေစွမ်းကောင်းရရှိခဲ့ပါတယ်။ကစားသမားတွေဟာ နေရာမှန်မှာ ကစားနိုင်ဖို့က အရေးကြီးဆုံးပါ” လို့ဘေးလ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး
အီဗရာဟီမိုဗစ်

အီဗရာဟီမိုဗစ် အသက် ၁၉ နှစ်အရွယ် မယ်လ်မိုအသင်းမှာ ကစားခဲ့စဉ်က ပေါင် ၃ သန်းနဲ့အာဆင်နယ်အသင်း ခေါ်ယူဖို့ ပြင်ဆင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုံး အာဆင်ဝင်းဂါးအနေနဲ့ မိုဗစ်ကို အသင်းမှာ တစ်ပွဲအစမ်းကစားပြီးမှ ခေါ်ယူဖို့ ပြင်ဆင်ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်မှာတော့ ၀က်စ်ဟမ်း နောက်ခံလူ ဒီမယ်ကို အသင်းထံ ခေါ်ယူခဲ့ပြီး တိုက်စစ်မှူးအဖြစ် ၀င်းဂါးကစားခဲ့ပါတယ်။

လူကာကူ

၂၀၁၁ လူကာကူ အန်ဒါလက်ခ်ျအသင်းမှ ကစားခဲ့စဉ်က ချဲလ်ဆီးအသင်းနဲ့ အပြိုင် အာဆင်နယ်အသင်း ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းကို လူကာကူရောက်ရှိမလာခဲ့ပဲ ချဲလ်ဆီးအသင်းကို သာပြောင်းရွှေ့ခဲ့ ပါတယ်။ သူ ဘယ်လ်ဂျီယံမှာ ကစားတည်းကခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီးအသင်းကိုသာ သူရွေးချယ်ခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။