ဘောလုံးသမားတွေရဲ့ အလန်းစားဆံပင်ပုံစံများ စုစည်းမှု

Thet Htet Lin

ဘောလုံးသမားတွေအနေနဲ့ သူတို့ ဘယ်လိုဆံပင်ပုံစံမျိုးတွေကို နှစ်သက်ပြီး ပြောင်းလဲပုံသွင်း ထားတယ်ဆိုတာကို စာရင်းပြုစုထားတာမျိုးရှိပါတယ်။ ဥပမာ – ဘာလော့တယ်လီရဲ့ ထူးထူး ခြားခြား ဆံပင်ဘေးဘက်ကို ရှိတ်ထိုးထားတာမျိုး ၊ အန်ဒီကာရိုးရဲ့ လိမ်ခေါက်နေတဲ့ ကျစ်ဆံမြီး ဆံပင်ပုံစံမျိုး စသဖြင့်ပေါ့ ….

ဒါဆိုရင်ဘယ်သူကများ အလန်းဆုံးဆံပင်ပုံစံမျိုး ပိုင်ဆိုင်ထားပါသလဲ ? FOX Sports Asia အဖွဲ့သားတွေ ကတော့ ကမ္ဘာတစ်ဝန်းက အလန်းလွန် ၊ အလွန်လန်း တဲ့ ဆံပင်ပုံစံပိုင်ဆိုင်ထား တဲ့ ကစားသမား တွေကို စုစည်းထားပါတယ်။

မန်ယူအသင်းရဲ့ကစားသမား ပေါ့ဘာ( ပြင်သစ်)

ပေါ့ဘာရဲ့ မီးတောက်သဏ္ဍာန် ရှိတ်ထိုးပုံဖော်ထားတဲ့ ဆံပင်ပုံစံကပဲ သူ့ရဲ့ ခြေစွမ်းကို အ ထောက်အပံ့ပြုနေလားတောင်အောက်မေ့ရပါတယ်။ ပေါ့ဘာဟာ ဒီဆံပင်ပုံစံကို အများနဲ့ မတူအောင် ဖန်တီးထားတာလား ၊ သူ့ရဲ့ပင်ကိုယ်စရိုက်ကိုပဲဖော်ပြနေလေသလား ဝေခွဲမရပါ ဘူး။ ခုဆိုရင် ပေါ့ဘာဟာ သူ့ဦးခေါင်းရဲ့ ဘေးဘက်မှာတောင် နောက်ထပ် ပုံဖော်ထားပါသေး တယ်။

Boeung Ket အသင်းရဲ့ကစားသမား Sou Yaty (ကမ္ဘောဒီးယား)

ပြီးခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ကမ္ဘောဒီးယားအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ Sou Yaty ကို သူ့ရဲ့ ရွှေအိုရောင်တောက်တောက်ဆေးဆိုးထားပြီး ဆန်းသစ်စွာပုံဖော်ထားတဲ့ ဆံပင်ပုံစံ ကြောင့် ပရိသတ်တွေ သတိ ထားမိခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့ သူ့အနေနဲ့ ဆံပင်တွေ တင် တောက်ပခဲ့တာမဟုတ်ခဲ့ဘဲ သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်း အတိုင်းတာတစ်ခုထိ တောက်ပခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားသမား ဂျီရော့ (ပြင်သစ်)

Embed from Getty Imageswindow.gie=window.gie||function(c){(gie.q=gie.q||[]).push(c)};gie(function(){gie.widgets.load({id:’KFC582peTOdRfsAl-l3pUQ’,sig:’Xfsu7164mrbfujlcrZbjCY8Nxd94vjlrmE6sXlg0L8U=’,w:’594px’,h:’397px’,items:’830430740′,caption: true ,tld:’com’,is360: false })});

ဘောလုံးအားကစားမှာတော့ ကစားသမားရဲ့ ဆံပင် ၊ မျက်နှာပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး အကဲ ဖြတ်လို့မရပါဘူး။ ဂျီရော့ရဲ့ ဆံပင်နဲ့ မုတ်ဆိတ်မွှေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့ရဲ့ မျက်နှာအောက်ဖက်မှာရှိတဲ့ မုတ်ဆိတ်မွှေးပုံစံနဲ့ ဦးခေါင်းထက်မှာရှိတဲ့ ဆံပင်ပုံစံက ပြိုင်ဘက် တွေကို စိန်ခေါ်နေသလိုပါပဲ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ကစားသမား လီဝန်ဒေါစကီး(ပိုလန်)

A post shared by Robert Lewandowski (@_rl9) on Nov 14, 2017 at 11:35am PST

သူ့ရဲ့ ရွှေအိုရောင်ဆံပင်ကို စတင်ပြောင်းလဲ ပုံဖော်ပြီးတဲ့အချိန်တုန်းက “ Sometimes you need to change something ” ဆိုတဲ့ စာသားနဲ့ ဆံပင်ပုံစံသစ်ကို တွစ်တာမှ ဖော်ပြခဲ့ဘူး ပါတယ်။ သူ့လိုကစားသမားအတွက်ကတော့ ခြေစွမ်းက အမြဲ ထိပ်တန်းအဆင့် မှာရှိနေပြီး လက်ရှိ ဘွန်ဒက်စ်လီဂါရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါ တယ်။

ရှန်ဟိုင်းအက်စ်အိုင်ပီဂျီအသင်းရဲ့ကစားသမား အော်စကာ ( ဘရာဇီးလ်)

Embed from Getty Imageswindow.gie=window.gie||function(c){(gie.q=gie.q||[]).push(c)};gie(function(){gie.widgets.load({id:’8hXqmpLWRp9dTdDSoQ7BVg’,sig:’VRrAkChw2FefedAgur1nzD073MS_HDLO3L4b1vzoidY=’,w:’396px’,h:’594px’,items:’862794364′,caption: true ,tld:’com’,is360: false })});

ဒီလိုဆံပင်ပုံမျိုးနဲ့ ထူးထူးခြားခြား စွမ်းဆောင်နိုင်တယ်ဆိုတာ ဘယ်သူများထင်ခဲ့မှာလဲ ? ထူးထူးခြားခြားဖြစ်အောင်မရည်ရွယ်ခဲ့ပေမယ့်လည်း အော်စကာဟာ သူ့ရဲ့ဆံပင်တွေကို နောက်ကို လှန်ဖီးထားပြီး ထူးထူးခြားခြားတွေလုပ်ပြနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပါ တယ်။ လက်ရှိအော်စကာရဲ့ဆံပင်ပုံစံကတော့ နောက်ကိုပြားပြားဝပ်လှန်ဖီးထားပြီး သူ့ရဲ့ မဟာနဖူးကို ထုတ်ပြထားပါတယ်။

အယ်လ်အင် အသင်းရဲ့ ကစားသမား အိုမာအပ်ဗ်ဒူရာမန် (ယူအေအီး)

ပြီးခဲ့တဲ့နှစ်က အာရှရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ အပ်ဗ်ဒူရာမန်ဟာ ၂၀၁၇ မှာတော့ နောက်တစ်ကြိမ် ဒီဆုကို မရခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ ထူးထူးခြားခြား ဆံပင်ပုံစံနဲ့အတူ အာရှရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ်ရှိနေ တုန်း ပါပဲ။ သူ့ရဲ့မွေးရာပါ ဒီဆံပင်ပုံစံနဲ့အတူ အပ်ဗ်ဒူရာမန်ဟာ ကွင်းတွင်းစွမ်းရည်တွေကို ပြနေဆဲပါပဲ။

မှတ်ချက်များ။