နာပိုလီအသင်းဟာ စောင့်ကြည့်ဖို့အကောင်းဆုံး အသင်းဖြစ်ကြောင်း တော့တီပြောကြား

Thet Htet Lin

ရိုးမားအသင်းရဲ့ ဂန္တဝင် ကစားသမားတော့တီက နာပိုလီအသင်းဟာ စောင့်ကြည့်ဖို့အကောင်း ဆုံးအသင်းဖြစ်ပြီး လာမယ့် ဂျူဗင်တပ်စ်နဲ့ ကစားမယ့်ပွဲစဉ်မှာ အနိုင်ရဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

လက်ရှိချိန်မှာတော့ နာပိုလီအသင်းဟာ စီးရီးအေ (၁၄)ပွဲကစားအပြီး ရှုံးပွဲမရှိ ရမှတ်(၃၈)မှတ် နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်က ဒုတိယနေရာမှ အင်တာမီလန်အသင်းထက် (၂)မှတ် အသာ ၊ တတိယနေရာမှ ဂျူဗင်တပ်စ်အသင်းထက် (၄)မှတ်အသာမှာ ရပ်တည်နေပါ တယ်။

နာပိုလီအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ပွဲစဉ်ကို လာမယ့် သောကြာနေ့ညမှာ ယှဉ်ပြိုင်ကစား မှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ဟာ သရေရလဒ်ထွက်ပေါ်ခဲ့မယ်ဆိုရင် အဆင့်(၄)နေရာမှာရပ် တည်နေတဲ့ ရိုးမားအသင်းအနေနဲ့ အမှတ်ကွာဟချက်ကျဉ်းမြောင်းသွားပြီး အမှတ်ပေးဇယား ထိပ်ပိုင်းလမ်းကြောင်းမှာ ပိုမိုပြိုင်ဆိုင်မှုပြင်းထန်လာမှာလည်းဖြစ်ပါတယ်။

တော့တီကပြောရာမှာ – “ နှစ်စဉ်တော့ သုံးသင်း(သို့)လေးသင်းလောက်က တူညီတဲ့အဆင့် တစ်ခုမှာရပ်တည်နေလေ့ရှိကြပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းကတော့ အဲဒီထက်ပို ပါတယ်။ နာပိုလီအသင်းကတော့ စောင့်ကြည့်ဖို့ အကောင်းဆုံးအသင်းဖြစ်ပြီး ဒဏ်ရာရ ကစားသမား အများကြီးရှိမနေဘူးဆိုရင်တော့ နိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ သရေရလဒ် ထွက်ရင် လည်း ရိုးမားနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းသွားမှာဖြစ်လို့ ပိုကြည့်ကောင်းလာမှာပါ။ တကယ်လို့ ရိုးမားသာ စီးရီးအေချန်ပီယံဖြစ်ဖို့ အခွင့်အရေးမရှိတော့ဘူးဆိုရင် နာပိုလီကိုပဲ အားပေးမှာပါ။ အင်တာမီလန်ကိုတော့ …. နိုးပါ။ ”လို့ ဆိုပါတယ်။

မှတ်ချက်များ။