သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ တောရက်စ်ကို နည်းပြဆီမျူနီ ချီးကျူးပြောကြား

Thet Htet Lin

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမျူနီက အယ်ချီအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ တောရက်စ်ကို ချီးကျူးပြောဆိုခဲ့ပါ တယ်။

အဆိုပါပွဲစဉ်မှာ ဂီမီနက်ဇ်က ပွဲချိန်(၃၁)မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး နောက်ထပ် သွင်းဂိုး (၂) ဂိုးကို တောရက်စ်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ အနိုင်ရရှိမှုနဲ့အတူ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ နှစ်ကျော့ပေါင်း ရလဒ် (၄)ဂိုး ၊ (၁)ဂိုးနဲ့ အတူ Copa del Rey ပြိုင်ပွဲမှာ (၁၆)သင်းအဆင့် ရှုံးထွက်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ ဆီမျူနီက ယခုနှစ်ရာသီမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ တောရက်စ် ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ဆီမျူနီကပြောကြားရာမှာ – “ တိုက်စစ်မှူးတစ်ဦးအတွက် သွင်းဂိုးတွေက အရေးကြီးပါတယ်။ တောရက်စ်အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေဟာ သူ့အတွက် အခက်ခဲဆုံး အခွင့် အရေးတွေကနေရခဲ့တာပါ။ ပြိုင်ပွဲဆိုတာ ထောင်ချောက်တစ်ခုလိုပဲ သတိထားနေရပါ တယ်။ တကယ်လို့ သတိမမူဘဲ အေးဆေးလုပ်နေရင် ယှဉ်ပြိုင်ဖို့ခက်ပါလိမ့်မယ်။ ပထမပိုင်း မှာ ကျွန်တော်တို့ အရမ်းကောင်းခဲ့ပြီး လိုသလိုကစားလို့ရခဲ့တယ်။ ဒီသွင်းဂိုး (၂)ဂိုးက ကျွန်တော်တို့ရဲ့ ကစားပုံကို ပြန်လည်ထိန်းချုပ်ပေးခဲ့ပါတယ်။ ” လို့ဆိုပါတယ်။

မှတ်ချက်များ။