အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ဆေးလ်ဗား

ယခုနှစ်ရာသီ မန်စီးတီးအသင်းနဲ့ အတူခြေစွမ်းပြသနိုင်နေတဲ့ ကစားသမား ဆေးလ်ဗား အသင်းနဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းမှာ ၂၀၂၀ ခုနှစ်ထိ ရှိနေမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့  ပွဲစဉ်မှာနိုင်ပွဲရယူနိုင်ခဲ့ပြီး အသင်းရဲ့ စံချိန်သစ်တစ်ရပ်ဖြစ်တဲ့ ပွဲစဉ် ၁၄ ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးပဲ ၁၂ ပွဲဆက်နိုင်ပွဲရရှိခဲ့တဲ့ စံချိန်သစ်တစ်ရပ်ရေးထိုးနိုင်ခဲ့ပြီး ဆေးလ်ဗား အဓိကကျတဲ့ နေရာကပါဝင်ခဲ့ပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ၈ ကြိမ်နဲ့ ဆေးလ်ဗား ဦးဆောင်နေပြီး အသင်းဖော်တွေဖြစ်တဲ့ ဒီဘရိုင်း ၇ ကြိမ် နဲ့ ဆာနေး ၆ ကြိမ်တို့ကို ကျော်ဖြတ် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုတစ်ပတ် အစောပိုင်းမှ ဂွါဒီယိုလာအနေက အသင်းရဲ့ အနာဂါတ် ဦးဆောင်သူဖြစ်လာမယ့် ဆေးလ်ဗားကို အသင်းမှာ ဆက်ရှိနေလိုတယ်လို့ ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာ တော့ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး “အသင်းရဲ့ အနာဂါတ်အစီအစဉ်တွေမှာ ပါဝင်ခွင့် ရရှိတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်မိ ပါတယ်။”

“ အသင်းမှာ ၇ ရာသီကျော် ကစားနိုင်ခဲ့ပြီး နည်းပြဂွါဒီယိုလာနဲ့ လက်တွဲနိုင် တဲ့အတွက်လည်း တကယ်ကို ဂုဏ်ယူမိပါတယ်၊ ဒီရာသီ ဆုဖလားကို ရယူနိုင်ဖို့ အကောင်းဆုံး အခြေအနေတစ်ခုမှာလည်း ရပ်တည်ထားနိုင်ခဲ့ပါတယ်။”

“ အသင်းနဲ့ နိုင်ပွဲတွေ ဆက်လက်ရယူပြီး လာမယ့်နှစ်တွေမှာလည်း ဆုဖလားတွေ အများအပြား ရယူသွားမှာပါ။” လို့ အသင်းရဲ့ ၀ဘ်ဆိုက်မှာ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

အသင်းရဲ့ အားကစား ဒါရိုက်တာဖြစ်တဲ့ ဘီဂီရီစတိန်းကလည်း ဆေးလ်ဗားကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး “ဒီသတင်းကို ကြေငြာရတာ တကယ်ကို ကျေနပ်ပါတယ်၊ အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီမှာလည်း ဆေးဗားက ကွင်းလယ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့အဓိက ကစားသမားပါ။”

“ ဒီရာသီမှာ လည်းခြေစွမ်း ဆက်လက်ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးဖန်တီး သူတစ်ဦးပါ၊ လာမယ့်နှစ်တွေမှာ အသင်းရဲ့လူငယ်ကစားသမားတွေ တိုးတက်ဖို့ အတွက် အရေးပါတဲ့ သူတစ်ဦးပါလို့” ချီးကျူးပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်များ။