နည်းပြရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ ပါကို အေစတာရန်

လက်စ်ပါးမက် နည်းပြဖြစ်သူ ပါကို အေစတာရန် ဟာ အသင်းရဲ့ နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

အသက် ၅၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး တဲလ်အဗီး ၊ ဆန်တာ လာဂူနာ နဲ့ ဗလင်စီယာ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ပါကို ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လက မှ အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး လိဂ်ပွဲ ၆ ပွဲသာကိုင်တွယ် ရသေးတဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။

ကိုင်တွယ်ခဲ့တဲ့ လိဂ်ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲထိ ရှုံးပွဲတွေ့ကြုံခဲ့ပြီး ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ စပိန်ဘရင့်ဖလား ပွဲစဉ်မှာလည်း ဒီပို့တီဗိုအသင်းကို ၃ဂိုး ၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့ တာကြောင့် နည်းပြရာထူးကနေထုတ်ပယ်ဖို့ အသင်းတာဝန်ရှိသူတွေ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။

နည်းပြပါကို ကို ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြီး အသင်းကထုတ်ပြန်ခဲ့တဲ့ ကြေငြာ ချက်မှာတော့ “အသင်းရဲ့ နည်းပြ ပါကို အေစတာရန်ကို ဒီပို့တီဗိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ညကပဲ ရာထူးကနေထုတ်ပယ်လိုက်ပါပြီ။”

“ နည်းပြသစ် အသင်းကို မရောက်ရှိခင်ထိ ပါကွီတို အောတစ် နဲ့ ရာဖာ ခရစ္စတိုဘောတို့ ကအသင်းကို ကိုင်တွယ်သွားမှာပါ။”

“ အသင်းကို စက်ဘင်ဘာ လကုန်ခါနီးမှာ ရောက်ရှိခဲ့ပြီး အသင်းကို အကောင်းဆုံးလေ့ကျင့်ပေးပို့ ပြင်ဆင်ခဲ့တဲ့အတွက်တော့ ကျေးဇူးတင် ရှိပါတယ်။ သူရဲ့လက်ထောက်နည်းပြ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေးဗစ် ကာနီဒါ နဲ့ ဂျို့စ် ဗီလာတို့ကိုလည်း ရာထူးကနေထုတ်ပယ်သွားမှာပါ” လို့ဖော်ပြခဲ့ပါတယ်။

နည်းပြပါကိုအနေနဲ့ အသင်းကို ကိုင်တွယ်ခဲ့တဲ့ စုစုပေါင်း ၇ ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့ ခြင်းမရှိပဲ ၆ ပွဲရှုံး ၁ ပွဲသရေရလဒ်ကိုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ် နေရာအတွက်ကိုတော့ မက္ကဆီကို ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ခရုဇ် အေဇူရယ် အသင်းနဲ့ လမ်းခွဲထားခဲ့တဲ့ နည်းပြ ပါကို ဂျီမက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်သင့်ကြောင့် စပိန်သတင်းစာတွေက ဖော်ပြ နေကြပါတယ်။

မှတ်ချက်များ။