အင်တာမီလန်အသင်းမှာသာ ဆက်ရှိနေဖွယ်ရှိနေတဲ့ အီကာဒီ

အင်တာမီလန်အသင်းခေါင်းဆောင် အီကာဒီအနေနဲ့ အသင်းကနေထွက်ခွာဖွယ် မရှိပဲ အသင်းမှာသာ ဆက်ရှိနေမယ်လို့ အေးဂျင့်အဖြစ် ဆောင်ရွက်နေသူ ဇနီးသည် ၀န်ဒါနာရာက ဆိုပါတယ်။

အီကာဒီအနေနဲ့ ယခုနှစ်ရာသီမှာ အသင်းတွက် ပွဲပေါင်း ၁၄ ပွဲကစားပြီး သွင်းဂိုး ၁၅ ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင့် ခြေစွမ်းပိုမို တိုးတက်လာခဲ့ပြီး ခေါ်ယူချင်တဲ့ ဥရောပ အသင်းကြီးတွေလည်း ပိုမို များပြားလာခဲ့ပါတယ်။

ချဲလ်ဆီး ၊ ရီးရဲလ်မက်ဒရစ် နဲ့ ဘိုင်ယန်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ အီကာဒီကို ခေါ်ယူလိုပါက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အင်တမီလန် အသင်းထံပေးချေရမယ်လို့ ၀န်ဒါက ပြောကြားထားတာ ဖြစ်ပါတယ်။

ယခုနှစ် စီးရီးအေပြိုင်ပွဲရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဦးဆောင်သူ နာပိုလီအသင်းနဲ့ ရမှတ် ၂ မှတ်သာ ကွာဟတဲ့အထိ အင်တာမီလန်အသင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။

ဝန်ဒါအနေနဲ့ ကတော့ ကလပ်အသင်းနဲ့ ပိုမို အကျိုးအမြတ်များစေမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုလိုနေတာ ဖြစ်ပြီး စာချုပ်သစ်မှတော့ အနည်းဆုံးစာချုပ်လျော်ကြေးငွေ ယူရို သန်း ၂၀၀ ထည့်သွင်း ချုပ်ဆိုသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အီကာဒီနဲ့ ပတ်သက်ပြီး ၀န်ဒါပြောကြားခဲ့ရာမှာတော့ “သူကထိပ်တန်း တိုက်စစ်မှူး တစ်ဦးပါ။ သူ့ကိုခေါ်ယူဖို့ ထိပ်တန်း ကလပ်အသင်းတော်တော် များများ ကြိုးစားနေပါတယ်။”

“ သူဟာ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်တာကြောင့် ထိပ်သီးအသင်းကြီးတွေ အားလုံးရဲ့ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ အသင်းကြီးတွေ စဉ်းစားတာ သူအသင်းတွက် ဘာလုပ်ပေးနိုင်မလည်း ဆိုတာနဲ့ သူ့ရဲ့ တန်ကြေးဘယ်လောက်ရှိနေမယ် ဆိုတာပါပဲ။”

“ သူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ဟာ ကျန်ရှိနေသေးပြီး အင်တာအသင်းနဲ့ နိုင်ပွဲတွေ ရယူရတာကို သူပျော်ရွှင်နေပါတယ်။”

“ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင် ပေးနေပေမယ့် အနာဂါတ်မှာ ဘာတွေဖြစ်လာမလည်း ဘယ်သူမှ မသိနိုင်ပါဘူး။ သူ့ကို ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်တွေက ငြင်းပယ်လို့ မလွယ်ကူ တဲ့ကမ်းလှမ်းချက်တွေပါ”လို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။