အသင်းခေါင်းဆောင် ရာထူးအတွက် ဂုဏ်ယူမိကြောင်း မာတီနက်ပြေကြား

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မာတီနက် အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာ ကြောင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

မိုချန်ဂလာဘတ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတဲ့ မာတီနက်ဟာ အသက် ၂၉ နှစ်ရှိနေပြီဖြစ်ပြီး ဘိုင်ယန်အသင်းသမိုင်းမှာ ပထမ ဆုံး စပိန်ကစားသမားတွေထဲက အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

မာတီနက်အသင်းရဲ့ ၀ဘ်ဆိုက်မှာ ပြောကြားခဲ့တာကတော့ “ပြီးခဲ့တဲ့ ပွဲစဉ်မစတင် ခင်မှာ နည်းပြဖြစ်သူက ဘိုတန်မကစားနိုင်ဘူးလို့ ပြောကြားခဲ့တဲ့ အချိန်မှာ ဘိုင်ယန် အသင်းနဲ့ ပွဲထွက်ကစားမယ့် လူစာရင်းမှာ ကျွန်တော်က စီနီယာကျတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် အသင်းခေါင်းဆောင်လက်ပတ်ကို လက်ခံခဲ့ ရပါတယ်။”

“ တကယ်ကိုကြီးကျယ်တဲ့ အခိုက်အတန့်ပါ။ အသင်းရဲ့ ခေါင်းဆောင် အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ အချိန်အတွက် တကယ်ကို ဂုဏ်ယူမိပြီး ဘယ်လိုမှ မေ့လို့ ရမှာမဟုတ်တဲ့ အခိုက်အတန့် တစ်ခုပါ။”

“ အသင်းခေါင်းဆောင် အဖြစ် ခေါင်းပန်း လှန်တဲ့ နေရာမှာ ရွေးချယ်ရတာ တစ်ခုပွဲ ကျွန်တော့အတွက် ကွာခြားသွာတာပါ။”

“ ဘာလို့လည်းဆိုတော့ ပြိုင်ပွဲကစားပြီဆိုရင် အသင်းဖော်တွေ ကိုအကောင်းဆုံး ကူညီပေးပြီး အမြဲတမ်းတိုက်တွန်းပြောကြားနေခဲ့တာပါ။ ဒါကတော့ ကျွန်တော့ရဲ့ အမြဲလုပ်နေကျ အလုပ်တစ်ခုပါလို့” ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။