အပြောင်းအရွှေ့သတင်းများရဲ့ ထိပ်ဆုံးက ရေပန်းအစားဆုံး ကောလဟာလများ

ဇန်န၀ါရီ အပြောင်းအရွှေ့ဈေးကွက် စတင်ဖွင့်လှစ်ခဲ့တာ သုံးပုံတစ်ပုံခန့် ရှိခဲ့ပြီဆိုရမှာဖြစ်ပြီး ဒီကာလအတွင်းမှာ ဥရောပထိပ်သီး ကလပ်းအသင်းတွေကို ရောက်ရှိမယ့် ကစားသမား စာရင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

ဒီတစ်ခါဖော်ပြပေးမှာကတော့ ထိပ်သီးအသင်းတွေ နဲ့ ချိန်ဆက်နေတဲ့ အဓိက ကစားသမားတွေရဲ့ ကောလဟာလ သတင်းတွေပါ။

အိုဇေးလ် နဲ့ ဂျူဗင်တပ် ရဲ့ အပြောင်းအရွှေ့
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေတော့ အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ် နဲ့ ဂျူဗင်တပ်တို့ရဲ့ အပြောင်းအရွှေ့သတင်းပါ။ အိုဇေးလ်အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အဆင်မပြေမှုတွေရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေပေမယ့် ဂျူဗင်တပ်အသင်းနဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အိုဇေးလ်ရဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ rating သတ်မှတ်ချက် ၇ ထိရှိခဲ့ပြီး အင်္ဂလန်မှာ ဆက်နေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့မလား ၊ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ပြီး မတူညီတဲ့ လိဂ်ပြိုင်ပွဲတစ်ခုက စိတ်ခေါ်မှုတွေကို ရင်ဆိုင်သွားမလားဆိုတာ ၂ ခုကိုပဲ အိုဇေးလ် ဖြေရမှာပါ။ နိုင်ငံလက်ရွေးစင်အသင်းဖော်ဖြစ်ပြီး ရီးရဲလ်အသင်းမှာ ရှိစဉ်တုံးက လက်တွဲခဲ့တဲ့ ခီဒီရာကတော့ အိုဇေးလ်ကို ဂျူဗင်တပ်အသင်းထံ လာရောက်ဖို့ သိမ်းသွင်းနေပါတယ်။

ဆန်းချက် နဲ့ မန်စီးတီး
အာဆင်နယ်အသင်းရဲ့ နောက်ထပ် အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆန်းချက်ကလည်း အသင်းပြောင်းရွှေ့ဖို့ကို ပွင့်ပွင့်လင်းလင်း တောင်းဆိုထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဆန်းချက်အနေနဲ့ကတော့ မန်ချက်စတာ စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး နွေရာသီ အပြောင်းအရွှေ့ကာလမှာ တည်းက မန်စီးတီးအသင်းက ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ဆန်းချက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ rating သတ်မှတ်ချက်တွေက ၈ အထိရှိနေခဲ့ပြီး သူ့ကို ရာသီကုန်မှ ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိမှာဖြစ်တာကြောင့် မန်စီးတီးအသင်း အဲ့ဒီအချိန်ထိ စောင့်ဆိုင်းသွားဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီဆပ် ဒဏ်ရာ ရရှိခဲ့တာကြောင့် ဂွါဒီယိုလာအနေနဲ့ တိုက်စစ်မှူးတစ်ဦး အလျင်အမြန် ရှာဖွေနေပြီး ဆန်းချက်ကို ယခုအချိန်ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ပေးချေသွားရဖွယ် ရှိနေပါတယ်။

ဂရစ်ဇ်မန်း နဲ့ မန်ချက်စတာ ယူနိုက်တက်

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တည်းက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကစားသမားရဲ့ သတင်းတွေဟာ ယခု ဇန်န၀ါရီ အပြောင်းအရွှေ့ဖွင့်လှစ်ချိန်မှာတော့ ပြန်လည်ရေပန်းစားလာခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြမော်ရင်ညို အနေနဲ့ တိုက်စစ်မှူးတစ်ဦး အလိုရှိနေခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့သတင်းထဲ ကို အခုအချိန်မှာတော့ ဘာစီလိုနာအသင်းပါ ပါဝင်လာခဲ့ပါတယ်။

ဂရစ်ဇ်မန်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ rating သတ်မှတ်ချက်ကတော့ ၄ ပဲရှိပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ တိုက်စစ်မှူး လူကာကူကို မန်ချက်စတာ ယူနိုက်တက် အသင်းခေါ်ယူထားခဲ့တာကြောင့် နောက်ထပ်တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ရာခိုင်နှုန်းကတော့ နည်းပါးနေပါတယ်။ အက်သလက်တီကို မက်ဒရစ် အသင်းကလည်း တိုက်စစ်မှူးဟောင် ဒီယေဂို ကော်စတာကို အသင်းထံ ပြန်လည်ခေါ်ယူခဲ့တာကြောင့် ဂရစ်ဇ်မန်းကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ပြငန်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ ကစားသမားက မန်ချက်စတာ ယူနိုက်တက်အသင်းထံကို မြင့်မားတဲ့ လစာတစ်ရပ်တောင်းဆိုခဲ့တာဖြစ်ပြီး အသင်းကတော့ ပေးချေလိုခြင်းမရှိပဲ ဘာစီလိုနာအသင်းကို ကြားဖြတ်ရောက်ရှိ သွားဖို့လည်း ရှိနေပါတယ်။

အူဘာမီယန်း နဲ့ တရုတ်စူပါလိဂ်
နောက်ထပ် လူပ်ခတ်နေတဲ့ အပြောင်းအရွှေ့သတင်းတစ်ခုကတော့ အူဘာမီယန်း ကို တရုတ်စူပါလိဂ် ကခေါ်ယူဖို့ ပြင်ဆင်နေတဲ့ သတင်းပါ။ တရုတ်စူပါလိဂ်ရဲ့ ထိပ် တန်းအသင်းတစ်သင်းဖြစ်တဲ့ ကွမ်ကျိုး အဲဗားဂရန်တီ အသင်းအနေနဲ့ အူဘာမီယန်းကို ပေါင် ၆၃.၅ သန်းပေးချေပြီး တရုတ်မြေကို ခေါ်ယူဖို့ ပြင်ဆင်နေ ပါတယ်။ ဒါပေမယ့် ဒီသတင်းက အရေးမပါတဲ့ သတင်းတစ်ခုအဖြစ်သာ အသင်းက ဖော်ပြနေပြီး အာဆင်နယ်အသင်ကလည်း ဆန်းချက်ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ အူဘာမီယန်းကို မျက်စိကျနေပါတယ်။

Rating သတ်မှတ်ချက် ၇ ထိရှိနေခဲ့တဲ့ အူဘာမီယန်းရဲ့ အပြောင်အရွှေ့ဟာ စောင့်ကြည့်ဖို့ ကောင်းနေပြီး တရုတ်လိဂ်ကို ပြောင်းရွှေ့ကစားခဲ့ရင်လည်း နိုင်ငံ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရှိဖို့က အခက်အခဲမရှိတာဖြစ်ပြီး ဒီပြောင်းရွှေ့ ကြေးပမာဏဟာ လာမယ့်နှစ်အနည်းငယ်ကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ အသင်းရဲ့ အဓိကဂိုးသွင်းရှင်ကို လက်လွှတ်ဖို့ တွန့်ဆုတ် နေခဲ့ပေမယ့် ဒီငွေကြေးပမာဏဟာ လက်ခံနိုင်စရာဖြစ်နေတာကြောင့် မကြာခင် မှာ တရားဝင်ကြေငြာချက် ထွက်လာမလား စောင့်ကြည့်ရမှာပါ။

မှတ်ချက်များ။