ပြစ်ဒဏ်ချမှတ်မှုနဲ့ ရင်ဆိုင်ရမယ့် အီယိုဘီ

အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက အသင်းရဲ့ လူငယ်ကစားသမား အီယိုဘီ အနေနဲ့ FA ဖလားပွဲစဉ်မတိုင်မီ ၄၈ နာရီနီးပါး အလိုမှာ ပြုလုပ်ခဲ့တဲ့ ပါတီတစ်ခုကို တက်ရောက်ခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

FA ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းဟာ တတိယအဆင့်မှာ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ၄ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အီယိုဘီ ပါဝင်ကစားခဲ့ပါတယ်။

နည်းပြ အာစင်ဝင်းဂါးအနေနဲ့ အသင်းပွဲထွက်လူစာရင်းနဲ့ ပတ်သက်တဲ့ ကောလဟာလ တွေကိုထိန်းချုပ်ခဲ့ပေမယ့် အီယိုဘီရဲ့ လုပ်ရပ်ကိုတော့ လက်မခံ နိုင်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ သူ့ ကို ပြစ်ဒဏ်ချမှတ်သွားမှာပါ ၊ သူပါတီသွားခဲ့တဲ ပွဲမတိုင်ခင် ညက မဟုတ်ပဲ ၄၈ နာရီအကြာကပါ။”

“ ပထမဆုံးအနေနဲ့ ထွက်ပေါ်လာမယ့် သတင်းတွေ အပေါ်မှာ သာအာရုံစိုက်ထားသင့်ပါတယ်။ အစောပိုင်းသတင်းတွေအရ အီယိုဘီ မူးယစ်ဆေး သုံးစွဲခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ကြတာကို အားလုံးဖတ်မိမှာပါ။သူဒီလို အရာတွေမှာတော့ ပါဝင်ပတ်သတ်ခြင်း မရှိနိုင်ပါဘူး။”

“ သူပါတီကိုသွားခဲ့တဲ့ အချိန် က ဘယ်လောက်ကြာကြာရှိခဲ့လည်း ဆိုတာအရေးကြီးပါတယ်။ ဒီအချက်တွေ အပေါ်မှာ မူတည်ပြီး ကျွန်တော်ဆုံးဖြတ်ချက် ချသွားမှာပါ။”

“ တကယ်လို့ သင်တို့ရဲ့ အိမ်နီးချင်းက မူးယစ်ဆေးသုံးတယ်ဆိုရင် သင်ဘာလုပ်မလည်း ၊ ဒီအတွက် တာဝန်ယူပေးနိုင်မှာလား” ဆိုပြီး ၀င်းဂါးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။