လာကာဇက်ဂိုးပြန်သွင်းနိုင်လို့ အာဆင်ဝင်းဂါးစိတ်သက်သာရာရခဲ့

Thet Htet Lin

အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးက ခရစ်တယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ (၄)ဂိုး (၁)ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ တိုက်စစ်မှူး လာကာဇက် ဂိုးသွင်းယူနိုင် ခဲ့တာကြောင့် စိတ်သက်သာရာရခဲ့တယ်လို့ ဆိုပါတယ်။

လာကာဇက်ဟာ ဒီဇင်ဘာလ (၂)ရက်နေ့က မန်ချက်စတာယူနိုက်တက်ကို (၃)ဂိုး (၁) ဂိုးနဲ့ရှုံးနိမ့် ခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး (၁)ဂိုး သွင်းယူပြီးနောက်ပိုင်း ဂိုးပေါက်ပျောက်နေခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ပွဲအစ (၆)မိနစ်မှာပဲ မွန်ရီရယ် က အာဆင်နယ် အသင်း အတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပွဲကစားချိန်(၁၀)မိနစ် ၊ ပွဲကစားချိန်(၁၃)မိနစ်တွေမှာ အီဝိုဘီနဲ့ ကိုစီရယ်နီတို့က ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် (၂၂)မိနစ်မှာ လာကာဇက် က ထပ်မံဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ အာဆင်နယ်အသင်းက (၄)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန် (၇၈)မိနစ်မှာ လူကာမိုင်လိုဂျီဗစ်က ခရစ်စတယ်ပဲလေ့စ်အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်အသင်းက (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

during the Premier League match between Arsenal and Crystal Palace at Emirates Stadium on January 20, 2018 in London, England.

ပွဲအပြီး အာဆင်ဝင်းဂါးကပြောကြားခဲ့ရာမှာ – “ လာကာဇက်က ပွဲစကတည်းက စိတ်နှစ်ပြီး ကစားခဲ့ပါတယ်။ သူဂိုးသွင်းယူနို်င်ခဲ့ခြင်းဟာ သူ့အတွက်လည်း စိတ်သက်သာရာရခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၊ အပေးအယူညီမျှမှု ၊ အခွင့်အရေးတွေဖန်တီးနိုင်မှု စသဖြင့် ဘက်ပေါင်းစုံ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အတွက် အဓိကစိန်ခေါ်မှုက ပထမပိုင်းကလို ကစားနိုင်ဖို့ပါပဲ။ ဒါပေမယ့် ပထမပိုင်းတုန်းကလို မကစားနိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်အသင်းကလည်း တောင့်တင်းတဲ့အသင်းဖြစ် ပြီး နောက်ဆုံး (၁၂)ပွဲမှာ ရှုံးပွဲ (၂)ပွဲသာရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့နှုန်းက ကောင်းမွန်တဲ့ပုံစံတစ်ခုမှာရှိနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို အခွင့်အရေး နည်းနည်းသာပေးခဲ့ပြီး သူတို့ အရှုံးမပေးဘဲကြိုးစားခဲ့ပါတယ်။ သူတို့ရဲ့ ကစားပုံကို အသိအမှတ် ပြုပါတယ်။ သူတို့ အကောင်းဆုံး ပြန်လည်စုစည်းပြီး အခွင့်အရေးနည်းနည်းပဲပေးခဲ့ပါတယ်။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။