အပြီးသတ်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ ဆန်းချက် နဲ့ မစ်ခစ်တီရန် ရဲ့ အပြောင်းအရွှေ့

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား မစ်ခီတာရန်အနေနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီး လာမယ့် ၄၈ နာရီအတွင်း မှာ ဆေးစစ်မှု ပြုလုပ်တော့မှာ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့မယ့် ဆန်းချက်ရဲ့ အပြောင်းရွှေ့ကလည်း ပိုပြီးနီးစပ်လာခဲ့ ပါတယ်။

မစ်ခီတာရန်အနေနဲ့ အသင်းပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီးတဲ့နောက်မှာ ဆေးစစ်မှုပြုလုပ်ရန် အနီးစပ်ဆုံး ဖြစ်နေခဲ့ပေမယ့် အပြောင်းအရွှေ့အသေးစိတ်ကို ဖော်ပြဖို့အတွက်က အနည်းငယ်လိုအပ်နေပါသေးတယ်။

Sky Sports က ဒီအပြောင်းအရွှေ့ဖြစ်ပေါ်ဖို့အတွက် အချိန်ဆွဲနေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆန်းချက်ဟာ စနေနေ့က အာဆင်နယ်အသင်း ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပဲ မန်ချက်စတာ မြို့ကို ထွက်ခွာသွားခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

“သူ့ကို အသင်းလာစာရင်းကနေ ချန်လှပ်ခဲ့တာက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေကြောင့်ပါ ။ မန်ချက်စတာ မြို့ကို ကားမောင်းထွက်ခွာဖို့ နဲ့ ဘောလုံးကစားဖို့ဆိုတာ တစ်ချိန်တည်းမှာ မဖြစ်နိုင်တဲ့ ကိစ္စ ၂ ခုပါ။” လို့ အာဆင်နယ်နည်းပြ ၀င်းဂါးက ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ မော်ရင်ညိုကလည်း ဘန်လေအသင်းနဲ့ ပွဲစဉ် အပြီးမှာ ဆန်းချက် အသင်းကို ရောက်ရှိဖို့အတွက် နီးစပ်နေခဲ့ပြီလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“လက်ရှိအသင်းမှာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်မှုတွေ ရှိမနေပါဘူး။ အသင်းမှာ မတူညီတဲ့ တိုက်စစ် ၃ နေရာအတွက် ကစားသမား ၄ ဦးရှိနေပြီး ၃ ဦးပွဲထွက်ရင် ၁ ဦးက အရံခုံမှာ ရှိနေပါတယ်။ပုံမှန်အတိုင်းကြည့်ရင်တော့ အသင်းရဲ့ တိုက်စစ် ပိုင်းမှာ နိုင်လို့စိတ်ပြင်းထန်တဲ့ ပြိုင်ဘက်တွေ လိုအပ်နေတယ်လို့ ထင်စရာရှိနေ ပေမယ့် တခြားဖြေရင်းစရာ အဖြေတွေကလည်း ကျွန်တော်တို့မှာ ရှိနေပြီးသားပါ” လို့ မော်ရင်ညိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုံးက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဆင်နယ် အသင်းနဲ့ အပြိုင် မစ်ခီတာရန်ကို ပေါင် ၂၆.၃ သန်းနဲ့ ဒေါ့မွန်အသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။မန်ချက်စတာ ယူနိုက်တက် အသင်းတွက် မစ်ခီတာရန် ပွဲပေါင်း ၆၃ ပွဲကစားပေးခဲ့ပြီး ၂၈ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဆန်းချက်ကတော့ ၂၀၁၄ ဇူလိုင်လမှာ ပေါင် ၃၅ သန်းနဲ့ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့ပြီး အသင်းတွက်ပွဲထွက်ခဲ့တဲ့ ၁၆၆ ပွဲမှာ ဂိုး ၈၀ သွင်းယူပေးထား နိုင်ခဲ့ ပါတယ်။

မှတ်ချက်များ။