တိုက်စစ်မှူးဝယ်ယူဖို့မလိုကြောင်း ဂွါဒီယိုလာပြောကြား

Thet Htet Lin

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက နယူးကာဆယ်အ သင်း ကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း တိုက်စစ်မှူး အဂူရို ဟက်ထရစ်ဂိုး သွင်းယူပြီးနောက်မှာတော့ အသင်းအနေနဲ့ တိုက်စစ်မှူးထပ်မံဝယ်ယူဖို့မလိုတော့ကြောင်း မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာကပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယခုနှစ်ရာသီ ပထမဆုံး ရှုံးပွဲတွေ့ကြုံခဲ့ပြီး ယခုအပတ်မှာတော့ အဂူရိုရဲ့ ဟက်ထရစ်ဂိုးနဲ့ နိုင်ပွဲ ပြန်လည် ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအတွက်ချေပဂိုးကိုတော့ ပွဲကစားချိန် (၆၇) မိနစ်မှာ ဂျပ်ကော့မာဖီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာကပြောကြားရာမှာ – “ ကျွန်တော်တို့ တိုက်စစ်မှူး အသစ်ထပ်ဝယ်မှာမဟုတ် ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းမှာ အဂူရိုရှိနေသလို နောက် (၂)ပတ် လောက် ဆိုရင် ဂျီဆပ်လည်း ပြန်သက်သာလာပါပြီ။ အဂူရိုမှာက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတစ်ခုရှိပါ တယ်။ ဘာလို့လဲဆိုတော့ သူ ဂိုးမသွင်းမချင်း ဘောလုံးကို သိပ်ပြီး ကိုင်မကစားဘူး။ သူ ဘယ်နေရာမှာ ထူးချွန်လဲဆိုတာကို ပြောဖို့ စကားလုံးတောင်မရှိပါဘူး။ သူ့ရဲ့ ခြေစွမ်းအတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်အသင်းက အသင်းကို အမြဲတိုးတက်အောင်ကြိုးစားနေ ပြီး ကစားသမားတွေကိုလည်း ကျွန်တော်တို့ လိုချင်တဲ့ပုံစံတစ်ခုကိုရောက်အောင် အမြဲပံ့ပိုးပေး ပါတယ်။ တကယ်လို့ ကစားသမားက ကျွန်တော်တို့လိုချင်တဲ့ပုံစံကို မရောက်လာဘူးဆိုရင် လည်း စိတ်ပျက်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ အနာဂတ်အတွက်စဉ်းစားပါတယ်။” လို့ ဆိုပါ တယ်။

ဒါ့အပြင် နည်းပြ ဂွါဒီယိုလာက ပြီးခဲ့တဲ့အပတ်က အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို (၄)ဂိုး (၃)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်တစ်ပွဲမှာ ယခုလိုအနိုင်ရခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ လည်း ဆိုပါတယ်။

“ လီဗာပူးလ်ကို ရှုံးနိမ့်တဲ့ပွဲအပြီး ကျွန်တော်တို့ ဒီလို ရလဒ်မျိုးထွက်တာ ဘာတွေလိုအပ် ချက်ရှိနေလဲဆိုတာကိုပြောခဲ့ပါတယ်။ ဂိုးစည်းထဲမှာ (၁၀)ယောက် ၊ (၁၁)ယောက်လောက် ခံကစားတဲ့အသင်းကို ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကျွန်တော်ကျေနပ်တာပေါ့။ အနည်းနဲ့အများတော့ ပွဲတစ်ပွဲရှုံးနိမ့်ပြီးရင် ဘယ်လိုတုန့်ပြန်မယ် ၊ (၂)ပွဲဆက်များရှုံးရင်ဘာများဖြစ်မလဲ ဆိုတဲ့အတွေးမျိုးတွေ သံသယ၀င်ပါတယ်။ ဒါကြောင့် ဒါက အရမ်းအရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့နောက်ထပ် အက်ဖ်အေဖလားပွဲစဉ်နဲ့ ကာရာဘောင်း ဖလားပွဲစဉ်တွေ ကစားဖို့ရှိနေပါတယ်။ ကျွန်တော်တို့ ပရီးမီးယာလိဂ်မှာ ချန်ပီယံဖြစ်ဖို့ နိုင်ပွဲ (၁၀)ပွဲလောက် လိုနေပါသေးတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းဆီ ကြိုးစား ပြင်ဆင်သွားပါ့မယ်။” လို့ နည်းပြ ဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။