ပရိသတ်များရဲ့ ဝေဖန်မှုနဲ့ ထိုက်တန်ကြောင်း အလာဒွိုက်ပြောကြား

စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ၀က်စ်ဘရွန်းအသင်းတို့ပွဲစဉ်မှာ အိမ်ကွင်းပရိသတ် ရှေ့မှာ သရေကျခဲ့တာနဲ့ ပတ်သက်ပြီး စိတ်မသက်မသာ ခံစားရတယ်လို့ အလာဒွိုက်က ပြောကြားခဲ့ ပါတယ်။

ပွဲစစချင်းမှာပဲ ၀က်စ်ဘရွန်းအသင်းက ဂျေးရိုဒီရီဂွတ်ရဲ့ သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းက အသစ်ခေါ်ယူထားခဲ့တဲ့ ကစားသမား ၀ဲလ်ကော့ရဲ့ ဂိုးဖန်တီးပေးပို့မှုကနေ အူမာ နီယာစီက အသင်းတွက် အဲဗာတန်အသင်းက ခြေပဂိုးသွင်းယူပေးခဲ့ပါတယ်။

“အသင်းပရိသတ်တွေက အသင်းရဲ့ နိုင်ပွဲကို မြင်တွေ့ချင်တာဖြစ်ပြီး ကစားသမားတွေ တစ်ဦးနဲ့ တစ်ဦးအပေးအယူ အချိတ်အဆက်မိမိနဲ့ ကစားတာကို မြင်တွေ့ချင်ကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ဒီလိုကစားနိုင်တဲ့ ပုံတွေ နည်းပါးခဲ့ပါတယ်။

ပရိသတ်တွေ ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်တော်တို့ အတွက် ပြဿနာ မရှိပါဘူး။ ဒီလို ဝေဖန်ခံရဖို့အတွက်လည်း ထိုက်တန်ပါတယ်။ သူတို့က ကျွန်တော်တို့ကစားပုံကို ကြည့်ရှုဖို့အတွက် ငွေကြေးသုံးစွဲခဲ့ရတာကြောင့် အသင်းအနေနဲ့ ကောင်းကောင်းမကစားနိုင်တဲ့အခြေအနေမှာ ပရိသတ်တွေရဲ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်ရပါတယ်။

အသင်းပရိသတ်တွေရဲ့ အသံကို ကစးသမားတွေ အာရုံစိုက်ရပါမယ်။ အသင်းပရိသတ်တွေ တေးသီချင်းတွေသိဆိုနိုင်အောင် ပြီးခဲ့တဲ့ အပတ်တွေမှာ ကျွန်တော်တို့စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ကို ကြည့်ရှုရတာ ခက်ခဲခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အာရုံစူးစိုက်မှုတွေ နည်းပါးခဲ့ပြီး နေရာယူမှုတွေ လွဲမှားနေခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ဒီပွဲစဉ်မှာ လဲလှယ်ခဲ့တဲ့ လူစားပြောင်းလဲမှုက မှန်ကန်ခဲ့ပြီး ခြေပဂိုးရရှိဖို့အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီထက်ပိုပြီးတော့ ရလဒ်ကောင်းဖို့အတွက် အသင်းအနေနဲ့ မထိုက်တန်ခဲ့ပါဘူး ဆိုတာကတော့ သေချာပါတယ်။” ဆိုပြီး အဲဗာတန် အသင်း နည်းပြ အလာဒွိုက်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။