ဝက်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်လာခဲ့တဲ့ ဂျာဗီဂရေစီယာ

Thet Htet Lin

ဝက်ဖို့ဒ်အသင်းဟာ နည်းပြဟောင်း မားကို့စ်ဆေးလ်ဗားကို နည်းပြအဖြစ်မှထုတ်ပယ်ပြီး နာရီပိုင်း အကြာမှာပဲ ရုရှားကလပ် ရူဘင်ကာဇန် အသင်းရဲ့နည်းပြဟောင်း ဂျာဗီဂရေစီယာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အသက် (၄၇)နှစ်ရှိပြီဖြစ်တဲ့ ဂရေစီယာ ဟာ ၀က်ဖို့ဒ်အသင်းနဲ့ တစ်နှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ် နဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့တာလည်းဖြစ်ပါတယ်။

ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ ဗီလာရီးယဲလ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်ခဲ့ဘူး တဲ့ ဂရေစီယာ ဟာ ပြီးခဲ့တဲ့ရာသီက ရူဘင်ကာဇန် အသင်းကို ရုရှားပရီးမီးယားလိဂ်မှာ ရာသီ ကုန် အမှတ်ပေးဇယား အဆင့်(၉ )နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

သတင်းတွေမှာ ဂရေစီယာအနေနဲ့ ၀က်ဖို့ဒ် အသင်းရဲ့ နည်းပြအဖြစ် အသင်းရဲ့ အဖွဲ့ဝင်တွေနဲ့ အတူ ဒီနေ့မှာ စပြီး တာဝန်ယူကိုင်တွယ်မှာဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။

ဝက်ဖို့ဒ်အသင်းရဲ့နည်းပြဟောင်း မားကို့စ်ဆေးလ်ဗားကတော့ အသင်းကို နောက်ဆုံး(၁၁)ပွဲ မှာ တစ်ပွဲသာအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ရလဒ်တွေဆိုးဝါးခဲ့တာကြောင့် မနေ့ကပဲ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် မားကို့စ်ဆေးလ်ဗားကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အဲဗာတန်အသင်းဘက်မှ နည်းပြ အဖြစ် ကမ်းလှမ်းလာမှုအပေါ်ကိုလည်း ၀က်ဖို့ဒ်အသင်းက ဝေဖန်ခဲ့ပါသေးတယ်။

ဝက်ဖို့ဒ်အသင်းရဲ့ လာမယ့်ပွဲစဉ်ကတော့ အက်ဖ်အေဖလား စတုတ္ထဆင့်ပွဲစဉ်အဖြစ် ဆောက်သင်မ်တန် အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဇန်န၀ါရီလ (၃၁)ရက်နေ့မှာတော့ ပရီးမီးယား လိဂ် ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

မှတ်ချက်များ။