ကော်တင်ညိုကြောင့် ရရှိခဲ့တဲ့ ငွေကြေးအားလုံး ပြန်လည်သုံးစွဲခဲ့ရကြောင်း ကလော့ ပြောကြား

လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့က အသင်းတိုက်စစ်မှူး ကော်တင်ညိုကို ရောင်း ချခဲ့တဲ့ ငွေတွေကို ချက်ချင်းသာ ပြန်လည်မမြှပ်နှံခဲ့ရင် အသင်းတွက် လိုအပ်ချက် တွေ ရှိခဲ့မှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ကော်တင်ညိုဟာ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ဇန်န၀ါရီ လအစမှာ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ် အိမ်မက် အသက်သွင်းနိုင်ဖို့ ငွေကြေးများစွာ ရရှိခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန် နောက်ခံကစားသမား ဗန်ဒိုက်ကို စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး နောက်ပိုင်းမှာ တခြားကစားသမား တစ်ဦးမှ အသင်းကို ရောက်ရှိခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

နည်းးပြ ကလော့အနေနဲ့ လီဗာပူးလ်အသင်း ရဲ့ ငွေကြေးသုံးစွဲပုံတွေရဲ့ နောက်ကွယ်က ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်း ဖို့ ပြင်ဆင်ခဲ့ တာဖြစ်ပါတယ်။

“ကျွန်တော်တို့ တစ်ချို့အရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဆိုပေမယ့် တကယ်တန်းလိုအပ်နေတဲ့ အရာတွေလည်း ရှိနေပါသေးတယ်”

“သင်တို့ အလိုရှိနေတဲ့ အရာတွေကို ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ အလိုရှိတဲ့ အရာတိုင်းကို ၁၀၀ ရာခိုင်နှုန်း ရယူနိုင်ဖို့ဆိုတာက ရူးလောက်တဲ့ ငွေကြေး တစ်ရပ်ကသာ စွမ်းဆောင်နိုင်မှာပါ။အရာတိုင်းကို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်နိုင်ဖို့က မလွယ်ကူပါဘူး။ဒီနွေရာသီမှာတော့ ကွဲပြားခြားနားမှုတွေ မြင်တွေ့ရမှာပါ။တစ်ခုခုကို ပြုလုပ်ဖို့အတွက် အဖြေမရှာထားခဲ့ဘူးဆိုရင် လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေပဲ ဖြစ်ပါလိမ့်မယ်”

“အသင်းက တစ်ဦးဦးဒဏ်ရာရနေပြီး အသင်းကို တစ်ဦးဦး ခေါ်ယူချင်တဲ့ အချိန်မှာ လူတွေက မေးကြပါတယ် သူ့ကို အသင်းထံ ခေါ်ယူမှာလားဆိုတဲ့ စကားကိုပါ။ဒါပေမယ့် အသင်းကို တစ်ဦးဦးရောက်လာပြီဆိုရင်လည်း သင်တို့ရဲ့ အမြင်မှာ တစ်ဦးဦးက အားနည်းသွားဦးမှာပါပဲ”

“ဒီလိုအခြေအနေမှာ စိတ်သက်တောင့်သက်သာပဲ နေသင့်ပါတယ်။ အသင်းရဲ့ ရူံးပွဲ ၂ ပွဲထက် တည်တည်ငြိမ်ငြိမ် ဆက်ရှိနေဖို့က ပိုပြီးအရေးကြီးပါတယ်” ဆိုပြီး ကလော့က ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။