အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ဖယ်လိုင်နီကို ပြောကြားခဲ့တဲ့ မော်ရင်ညို

မန်ချက်စတာ ယူနိုက်တက် နည်းပြမော်ရင်ညိုက ကွင်းလယ်ကစားသမား ဖယ်လိုင်နီ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဒဏ်ရာရရခြင်း မော်ရင်ညိုက ဖယ်လိုင်နီကို စကားမများပဲ အသင်းနဲ့ စာချုပ်သစ်ချုပ်လို့ နောက်ပြောင်ပြီး သတိပေးပြောကြား ခဲ့ပါတယ်။

ဖယ်လိုင်နီ လက်ရှိအသင်းနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ဟာ ၆လသက်တမ်းသာ ကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စဟာ ကြန့်ကြာနေတာ ဖြစ်ပါတယ်။

ဖယ်လိုင်နီ စပါးအသင်းနဲ့ ပွဲစဉ်မှာ ၇ မိနစ်သာ ၀င်ရောက်ကစားနိုင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မော်ရင်ညိုက သတင်းထောက်တွေကို ပြောကြားရာမှာ ဒဏ်ရာ မသက်သာ လာသေးခင်မှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသင့်တယ်လို့ ပြောခဲ့ကြောင်း ဖြေကြားခဲ့ ပါတယ်။

ဖယ်လိုင်နီအနေနဲ့ အစောပိုင်းမှာ စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စကို အချိန်ဆွဲနေတာ နဲ့ ပတ်သက်ပြီး မော်ရင်ညိုက “ ကျွန်တော်သူ့ကို ပါးစိပ်ပိတ်ထားပြီး အသင်းနဲ့သာ စာချုပ်သစ်ချုပ်ဆိုလို့ ပြောကြားခဲ့ပါတယ်”

“ဒဏ်ရာအခြေအနေက ဘယ်လောက် ပြင်းထန်လည်းဆိုတာကို မသိသေးတဲ့ အချိန်မှာ ဒဏ်ရာ နဲ့ အနာဂါတ် အပေါ်မှာ အလောင်းအစား မပြုလုပ်သင့်ပါဘူး။ သူစာချုပ်သစ် ချုပ်မယ် မချုပ်ဘူးကတော့ မသေချာသေးပါဘူး” ဆိုပြီး မော်ရင်ညိုက သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။