မန်စီးတီး အသင်းနဲ့ အမှတ်ကွာဟချက် လျော့ချနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အိမ်ကွင်းမှာ ဟတ်ဒါဖီးလ် အသင်းကို လက်ခံကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိပြီး မန်စီးတီးအသင်း သရေကျမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂ – ၀ ဟတ်ဒါဖီးလ်

ပွဲအနှစ်ချုပ်

မန်ချက်စတာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို လူကာကူက ကသွင်းယူခဲ့ပြီး ဒုတိယ ဂိုးကိုတော့ ဆန်းချက်က သူ့ရဲ့ ပွဲဦးထွက် ဂိုးအဖြစ်သွင်းယူခဲ့ပါတယ်။
ဟတ်ဒါဖီးလ်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ၅ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အမှတ်ပေးဇယား အဆင့် ၁၉ နေရာကို ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပျောက်ဆုံးခဲ့တဲ့ ပေါ့ဘာကို မော်ရင်ညို ဒီပွဲစဉ်မှာ အရံခုံထိုင်စေခဲ့ပြီး သူ့နေရာမှာတော့ လူငယ်ကစားသမား မက်တိုမီနေး ကိုအသုံးပြုခဲ့ပါတယ်။ ပေါ့ဘာအတွက်ကတော့ အသင်းကို ရောက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လတည်းက ပထမဆုံး အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲသတင်း

ပွဲစစချင်းမှာ ပဲတိုက်စစ်ဆင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ မာတာရဲ့ ထောင့်ကန်ဘော ပေးပို့မှုကနေ ရိုဂျို ဂိုးဧရိယာထဲမှာ ပေးပို့ခဲ့ပေမယ့် ဟတ်ဒါဖိးလ် နောက်တန်း ကစားသမားတွေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာတော့ လင်ဂတ် ကွင်းလယ်ကနေ ဟတ်ဒါဖီးလ် ကစားသမား ၃ ဦးလောက်ကို ကျော်ဖြတ်ပြီးဂိုးသွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဆီသာ ရောက်ရှိသွားခဲ့ပါတယ်။

၁၈ မိနစ်မှာ စမောလင်းရဲ့ ခေါင်းတိုက် ချပေးမှုကနေ ကွင်းလယ်မှာ ရှိနေတဲ့ တော်မီနေးလ်ပထမ တစ်ကြိမ်ကန်သွင်းရာမှာ ချော်သွားခဲ့ပြီး ပြန်ကျခဲ့တဲ့ ဘောလုံးကို ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ရာမှာတော့ ဟတ်ဒါဖီးလ် ကစားသမားတွေ ကစားပုံကြမ်းကြမ်းတမ်းတမ်းနဲ့ ဖြတ်ထုတ်ခဲ့ပါတယ်။

ပွဲကစားချိန် ပထမပိုင်းပြိးဆုံးဖို့ ၁၀ မိနစ်ခန့်အလိုမှာတော့ ဆန်းချက် ရဲ့ ဂိုးဧရိယာ ထိပ်က ကန်သွင်းချက် ကောင်းမွန်ခဲ့ပေမယ့် ဟတ်ဒါဖီးလ် ဂိုးသမား ဂျိုးနက်စ် လော်ဆယ် ကာကွယ်သွားခဲ့ပါတယ်။လင်ဂတ် ဟတ်ဒါဖီးလ် နောက်တန်းအမှား ကနေ ဘောလုံးရယူနိုင်ခဲ့ပြီး ပေးပို့ခဲ့ပေမယ့် အသင်းဖော်တွေ ပါမလာခဲ့တာကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းနစ်နာခဲ့ရပါတယ်။

၃၈ မိနစ်မှာ စမောလင်း ပြစ်ဒဏ်ဘောကနေ ရရှိခဲ့တဲ့ အခွင့်အရေးကိ ဂိုးသမား နဲ့ တစ်ဦးချင်း ပိတ်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဟတ်ဒါဖီးလ် တစ်ကြိမ် ဂိုးကန်သွင်းခွင့် ရရှိခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစ ၁ မိနစ်မှာပဲ ဆန်းချက် ဂိုးဧရိယာ ထဲမှာ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် နောက်တန်းနဲ့ ထိပြီးထွက်ခဲ့ရပါတယ်။

၅၄ မိနစ်အရောက်မှာ မာတာ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို လူကာကူ ဂိုးသမားနဲ့ အနီးကပ် မြေမကျ ပိတ်သွင်းပြီး အသင်းတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

၆၇ မိနစ်အရောက်မှာ ဆန်းချက်ကို ဟတ်ဒါဖီးလ် နောက်ခံကစားသမားတွေ ဂိုးဧရိယာထဲမှာ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး ဒီပင်နယ်တီ ဆန်းချက်ကပဲ ကန်သွင်းခဲ့ပါတယ်။ ပထမ တစ်ကြိမ် ကန်သွင်းရာမှာ ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဆန်းချက် ပိတ်သွင်းပြီးအသင်းတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွက် ပထမဆုံး ဂိုးလည်းဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဟတ်ဒါဖီးလ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ ၂ ကြိမ် လောက်သာ ရှိခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေတော့ မရှိခဲ့ပဲ တစ်ပွဲလုံး ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပြီး ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက အဖိုးတန် ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။