စပါးတိုက်စစ်အတွက် အဓိက အတားအဆီးဖြစ်လာမယ် ဂျူဗင်တပ်ခံစစ်

နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် နိုင်ပွဲရရှိနေခဲ့တဲ့ ဂျူဗင်တပ် အသင်းကတော့ ပရီးမီးယားလိဂ်မှာ ပုံစံကောင်း ပြသထားနိုင်ခဲ့တဲ့ စပါးအသင်းကို ချန်ပီယံလိဂ် ရှုံးထွက်ပထမအကျော့အဖြစ် အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်

ဂျူဗင်တပ် vs စပါး (ဖေဖော်ဝါရီလ ၁၄ ရက် – မြန်မာစံတော်ချိန် နံနက် ၂း၁၅)

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု

နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုကတော့ ၂ ကြိမ် ရှိခဲ့ပြီး စပါးအသင်း နဲ့ ဂျူဗင်တပ် အသင်းတို့ ၁ ကြိမ်စီ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တာကတော့ စပါးအသင်းနဲ့ ဂျူဗတပ် အသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ဖြစ်ပြီး စပါးအသင်းက ဟယ်ရီကိန်း နဲ့ အဲရစ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမား

ဂျူဗင်တပ်အသင်းကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၆၁ ဂိုးသွင်းယူထားခဲ့ပြီး တိုက်စစ်မှူး ဟီဂွါရင်ကတော့ အသင်းတွက် သွင်းဂိုး ၁၈ ဂိုးသွင်းယူပြီး ထိပ်တန်း တိုက်စစ်မှူး တစ်ဦးခြေစွမ်းကို ဆက်လက်ပြသနေပါတယ်။ နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာကတော့ ဒဏ်ရာ ပြဿနာ ရှိနေခဲ့ပြီး ဒီပွဲစဉ် ကိုပါဝင်ဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၃၃ ပွဲမှာ ချန်ပီယံလိဂ် သွင်းဂိုး ၆ ဂိုးအပါအ၀င် ၃၂ ဂိုးသွင်းယူထားခဲ့တဲ့ ဟယ်ရီကိန်းကတော့ မက်ဆီ ၊ ရိုနယ်ဒို နဲ့ ကာဗာနီတို့လို ကစားသမားတွေနဲ့ တူညီတဲ့ ခြေစွမ်းပိုင်းကို ပြသထားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဟယ်ရီကိန်းအတွက် အဓိက ဖြတ်ကျော်ရမယ့် ဂျူဗင်တပ်အသင်း နောက်တန်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၇ ပွဲမှာ ၁ ဂိုးသာ ပေးထားခဲ့ရတဲ့ နောက်တန်းဖြစ်တာကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အတွက်တော့ အနည်းငယ် ရုန်းကန်ရဖွယ်ရှိနေပါတယ်။

အသင်းခြေစွမ်း နဲ့ နည်းပြပြောစကား

ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီကတော့ ဧည့်သည်အသင်းရဲ့ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ကိန်း ၊ ဆွန်ဟောင်မင် ၊ အလီ နဲ့ အဲရစ်ဆင်တို့ရဲ့ တိုက်စစ်ပိုင်းကိုတော့ အာရုံစိုက်ထားရမယ်လို့ ဆိုခဲ့ပါတယ်။ နောက်ဆုံး ၁၅ ပွဲမှာ ၁၄ ပွဲနိုင် ၁ ပွဲသရေရလဒ်ကို ရယူထားနိုင်ခဲ့တဲ့အထိ ဂျူဗင်တပ် အသင်း ရလဒ်ကောင်းခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။

အယ်လီဂရီက “သူတို့အသင်းရဲ့ ကစားပုံနဲ့ တောင့်တင်းမှုကို အားလုံးသိပြီးသားပါ။စပါးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အရည်အသွေးမြင့် တိုက်စစ် ကစားသမား ၄ ဦးရှိနေပါတယ်။ ဥရောပမှာ ကျွန်တော်တို့ အသင်းထက် ရလဒ်ကောင်း ရယူထားနိုင်တာ ရီးရဲလ်အသင်း တစ်သင်းသာ ရှိပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

စပါးအသင်း နည်းပြ ပွန်ချက်တီနိုကတော့ ရလဒ်ကောင်းရယူဖို့အတွက် အသင်းမှာစိတ်ဓါတ်ပိုင်း အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ စပါးအသင်း အနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပေမယ့် အဆင့် ၄ အတွင်း ၀င်ဖို့အတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်း တစ်သင်းပါ။

“ကျွန်တော်တို့ ဒီပွဲစဉ်မှာလိုတာ နိုင်လိုစိတ် ပြင်းတဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ပါ။ ကျွန်တော်တို့ နိုင်ပွဲရယူနိုင်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ပြီး ပြိုင်ဘက်အသင်းကို လည်းလေးလေးစားစား ယှဉ်ပြိုင်သွားမှာပါ။”

နောက်ဆုံးရသတင်း

ဂျူဗင်တပ်အသင်းဟာ ဒိုင်ဘာလာ ၊ ဂွါဒါဒို ၊ ဘာဇာဂလီ နဲ့ မက်တွီတီတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။

စပါအသင်းမှာတော့ ကာလရှည် ဒဏ်ရာရရှိနေတဲ့ အယ်လ်ဒါဝီရယ် ၊ ဂျွန်ဖွိုက် နဲ့ ကိုင်လီဝေါ်ကာ ပီတာတို့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

မှတ်ချက်များ။